သားအိမ်ခေါင်းကင်ဆာဟာ အမျိုးသမီးထုအတွက် အသက်အန္တရယ်ကို ခြိမ်းခြောက်နေတာပဲဖြစ်ပါတယ်။ခု ဖော်ပြပေးမှာကတော့သားအိမ်ခေါင်းကင်ဆာရဲ့လက္ခဏာတစ်ချို့တစ်ရပ်ကို ဖော်ပြပေးလိုက်ပါတယ် ။မကြာခ ဏ အသက်ရူမဝဖြစ်နေရင် ဆရာဝန်နဲ့ပြသပါ။ရင်ထဲမှာပူလောင်နေပြီး အစာမကြေခြင်းတွေဖြစ်နေရင်လည်း ဆရာဝန်ဆီသွားပြပါ။အရေးကြီးတဲ့အချက်ကတော့ မိန်းမကိုယ်ကနေရာသီမလာပဲ သွေးဆင်းနေရင် သို့မဟုတ် ဆက်ဆံပြီး သွေးယိုခြင်း၊ သွေးဆုံးခါနီမှ သွေးယိုခြင်းတွေဖြစ်လာရင် ဆရာဝန်နဲ့ ပြသပေးပါ။

မိမိအသံဟာ အပြောင်းလဲဖြစ်နေခြင်း၊ထမင်းစားတဲ့အခါပဲဖြစ်ဖြစ် တစ်ခုခုစားရတာပဲဖြစ်ဖြစ် မြိုရခက်နေခြင်း၊ အမျိုးသမီးတွေအနေနဲ့ လေပွခြင်း၊ တစ်ခုခုထိခိုက်သွားတဲ့အခါ အနာမကျက်ဖြစ်တတ်ခြင်း၊နေ့ခင်ဘက်ထက် ညဘက်တွေမှာ ချွေးထွက်လွန်ခြင်း၊ ပါးစပ်အတွင်းမှ အပူနာတွေ အလွယ်တကူမပျောက်ခြင်း၊ရင်သားတွေဟာ ပြောင်းလဲနေခြင်း၊ မိခင်မဟုတ်ဘဲ နို့သီးခေါင်းမှာ အရည်တွေထွက်နေရင်လည်းသတိထားသင့်ပါတယ်။

ပြီးတော့ မကြာခဏဝမ်းသွားနေခြင်း၊ ဆီးသွားတဲ့အခါ သွေးပါနေခြင်း၊ဆီးသွားရခက်ခဲခြင်းများကိုလည်း ခံစားရ တတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့နေရာတော်တော်များများမှာ အဆီဖုတွေပေါက်လာပြီဆိုရင် သတိထားရပါမယ်။ အများဆုံးအဖြစ်များတဲ့နေရာတွေကတောူ့ လည်ပင်း၊ဂျိုင်း၊ အစာအိမ်၊ ပေါင်၊ ရင်သားတွေမှာဖြစ်တတ်ပြီး ဆရာဝန်ဆီကိုအမြန်ဆုံးပြသပါ ဒီလိုလက္ခဏတွေဟာ တစ်ခြားသောရောဂါကြောင့်လည်းဖြစ်နိုင်တာမို့ ဆရာဝန် နဲ့ပြသကြည့်ခြင်းဖြင့် အရာရာစိတ်ချရာမှာ ဖြစ်ပါတယ်။

Source : youtube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။