ငါးရိုးစူးခြင်းက အလွန်ခံရခက် တယ်ဆိုတာ သိထားကြမှာပါ။ တစ်ခါတစ်ရံ ခဏလေးနှင့် ပျောက်သွားပေမယ့် အခန့်မသင့်လျှင် ဆေးရုံတက်ပြီး ခွဲထုတ်ရတဲ့အထိဖြစ်နိုင်ပါတယ်။ ဒါကြောင့် ငါးအရိုးစူးရင် လုပ်ဆောင်ရမဲ့ အိမ်တွင်းကုထုံးလေးတွေကို ရေးသား လိုက်ရပါတယ်။ (၁) သံပုရာသီး ကိုအခွံခွာပြီး အချွန်လေးတွေနဲ့ထိုးဆွပြီး ပါးစပ်အတွင်း ခေတ္တမျှ ငုံထားပေးပါ အရည်များကို တစ်ဖြည်းဖြည်း မျိုချပေးပါ။ (သို့မဟုတ် ) သံပုယိုသီးကို ၄ စိတ်ခွဲပြီး အာခေါင်ထဲ တစ်စချင်းစီ ချကာ သံပုရာရည်ကို ခေတ္တငုံထားပေးပါ။ အချဉ်ဓါတ်ဟာ ငါးရိုးမျာကို တိုက်စားသွားပါတယ်နော်။

(၂) ငှက်ပျောသီး စားပေးပါ ။ (၃) ကြက်ဥအကာကို သောက်ပေးပါ၊ အချွဲများနှင့်အတူကျသွားပါလိမ့်မယ်။ (၄) ဇီးဖြူသီးကို အလုံးလိုက် ဝါးစားပြီး အရည်ရော အဖတ်ပါမျိုချပေးပါ။ (၆) ရေများများသောက်ပါ ၊ရေထဲဆားအနည်းငယ်ထဲသောက်ပါ။ ဆာဓါတ်က ငါးရိုးကိုချေဖျက်နိုင်ပါတယ်။ (ရ) သံလွင်ဆီ အနည်းငယ်ခန့်ကို သောက်ပေးပါ ဆီနှင့်အတူ လျှောကျသွားပါလိမ့်မယ်။ လည်ချောင်းနာခြင်းကိုလည်း ပျောက်ကင်းစေပါတယ်။ (၈) ထမင်းနွေးနွေးကို အနေတော်ခန့်လက်ဖြင့် ဆုပ်လုံးပြီး မျိုချပေးပါ။ ငါးအရိုးများအောက်ကို ကျသွားပါလိမ့်မယ်။ (၉) coke တို့Pepsi စသည့်တို့တွင် ဂက်စ်ပါဝင်သည့်အတွက် သောက်ပေးပါ ငါးရိုးများ ပျော့သွားပြီး အမြန်ကျစေပါတယ်။ နောက်တစ်ခုကတော့ ဖျံအရေခွံကို အောက်မှာ ချပြီး ထိုင်ထားရင်လည်း ငါးရိုးက ကျသွားစေပါတယ်။

သတိပြုရမှာကတော့ ငါးရိုးစူးနေစဉ် လည်ချောင်းကို ဖိခြင်း၊ နှိပ်နယ်ခြင်း များမပြုလုပ်ရပါ ။ ပါးစပ်ကို လက်ချောင်းတွေထဲပြီး အန်အောင်လုပ်သူတွေကိုလည်း တွေ့ဖူးပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ငါးစားလျင် ဂရုစိုက်စားပေးကြဖို့ တိုက်တွန်းချင်ပါတယ်နော်။ အထူးသဖြင့် ကလေးငယ်တွေကို သတိထားပြီး ငါးလေး တွေကို နွှာကျွေးဖို့တိုက်တွန်းချင်ပါတယ် ။

Source : pauk pauk
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။