အခုလို အချိန်အခါက စပျစ်သီး ကို လွယ်လွယ်ကူကူ ဝယ်ယူစားသုံးနိုင်ပါတယ်။ စပျစ်သီးမှာ ရေဓာတ်က ၇၀ မှ ၈၀ ရာခိုင်နှုန်း၊ သကြားဓာတ် ၁၅ မှ ၃၀ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ ဒါ့ကြောင့် စပျစ်သီးမှာ ကျန်းမာရေးနှင့်ပတ်သက်သော အကျိုးကျေးဇူးများစွာ ရှိပါတယ်။ စပျစ်သီးကို စားသုံးရင်း အချို့သော ရောဂါတွေကို ကုစားနိုင်စေဖို့ ကျန်းမာရေး ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။
၁။ ပန်းနာရင်ကြပ် ပျောက်ကင်းစေခြင်း
ပန်းနာရင်ကြပ်နဲ့ လည်ချောင်းတစ်လျှောက် ရောဂါများ ကို ပျောက်ကင်း စေပါတယ်။ အထူးသဖြင့် စပျစ်သီးခြောက် စားသုံးခြင်းများပါက ပန်းနာ ပျောက်ကင်းဖို့ ထိရောက်ပါတယ်။
၂။ ဝန်းချုပ် ရောဂါ ပျောက်ကင်းစေခြင်း
စပျစ်သီးမှာ Cellulose, organic acid နဲ့ သကြားတို့ ပါဝင်ပြီး ယင်းဓာတ်များက ဝမ်းနှုတ်ဆေး သဖွယ် လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် စပျစ်သီး စားရင် ဝမ်းပျော့ပြီး ဘယ်လိုကြောင့်ပဲ ဝမ်းချုပ်သည်ဖြစ်စေ ဝမ်း ပုံမှန် သွားစေပါတယ်။
၃။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို ကုသခြင်း
ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့ သူများအနေနဲ့ မနက်တိုင်း စပျစ်သီး ဖျော်ရည် မှီဝဲဖို့ တိုက်တွန်း ထားပါတယ်။ သို့သော် ရေနည်းနည်းနဲ့ ဖျော်တဲ့ စပျစ်သီး ဖျော်ရည် ဖြစ်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ဦးနှောက်လန်းဆန်းမှုကို ရစေမှာ ဖြစ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို စပျစ်သီး ဖျော်ရည် သောက်သုံးခြင်းဖြင့် ပျောက်ကင်းစေပါတယ်။
၄။ နှလုံးနှင့် ဆက်စပ်ရောဂါကို ကာကွယ်ခြင်း
သွေးထဲကို နိုက်ထရစ်အက်ဆစ်ဓာတ် တိုးစေတာကြေင့် သွေးလည်ပတ်မှု အားကောင်းပြီး သွေးခဲမှု မဖြစ်အောင် တားဆီး ကာကွယ် ပေးပါတယ်။ သဘာဝ antioxidant လည်း ဖြစ်တဲ့အတွက် LDL ကိုလက်စထရော level ကိုလျော့ချပေးပါတယ်။ ဒါကြောင့် သွေးလမ်းကြောင်း ပိတ်ခြင်းကို လုံးဝ မဖြစ်စေပါဘူး။ နှလုံးရောဂါ ရှိသူများအနေနဲ့လည်း စပျစ်သီး ပုံမှန် စားသုံးခြင်းဖြင့် ဝေဒနာကို သက်သာစေပါတယ်။
၅။ အစာမကြေ ဝေဒနာ ပျောက်ကင်းစေခြင်း
အစာမကြေ၊ ရင်ပြည့်၊ ရင်ကယ် ရောဂါ ဝေဒနာ မှန်သမျှကို ပျောက်ကင်းစေ ပါတယ်။ ဒါကြောင့် အစာစားပြီးတဲ့အခါ မှီဝဲ စားသုံးသင့်တဲ့ အသီး တစ်မျိုးလည်း ဖြစ်ပါတယ်။
ဖော်ပြပါ ရောဂါ ဝေဒနာများကို သက်သာ၊ပျောက်ကင်း စေတဲ့အပြင် စပျစ်သီးမှာ အခြားသော ကျန်းမာရေး အကျိုးကျေးဇူး များစွာလည်း ရှိနေတာကြောင့် စပျစ်သီးကို မကြာခဏ စားသုံးဖို့ တိုက်တွန်းချင်ပါတယ်။ အားလုံးပဲ ကျန်းမာ ချမ်းသာပြီး သာယာပျော်ရွှင်နိုင်ကြပါစေရှင်။
သတင်းအရင်းအမြစ် - Google
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။