ကြက်သွန်ဖြူကို စားသုံးခြင်းဖြင့် များစွာ အကျိုးရှိပါနိုင်တာကို အများစုက သိပြီးသား ဖြစ်ပါတယ်။ အချို့ဆိုရင် ကြက်သွန်နီထက် ကြက်သွန်ဖြူက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတယ်လို့တောင် ယုံကြည်ကြပါတယ်။ ကြက်သွန်ဖြူက သွေးကို သန့်စေတယ်။ ပိုးမွှားများကို သေစေနိုင်တယ်။ အဖျားပိုးကိုလဲ လွယ်ကူစွာကျစေတယ်။ ချွေးစေးများ ထွက်ခြင်းကို အထောက်အကူဖြစ်တယ်။ ဆီးနှင့် ဝမ်းကို ရွှင်စေတယ်။ ကာမ အားကောင်းစေရန် အထောက်အပံ့ပေးပါတယ်။ မျက်စိကိုလည်း လွန်စွာ အကျိုးပြုတယ်။

ဒါ့ကြောင့် အခုဖော်ပြမယ့် အကြောင်းအရာကတော့ ကြက်သွန်ဖြူကို အသုံးပြုပြီး ရောဂါများကို ကုသနိုင်တဲ့ ဆေးမြီးတိုး နည်းလမ်းများပဲ ဖြစ်ပါတယ်။ အလွန်အသုံးဝင်တာမို့ မှတ်သားထားကြဖို့ တိုက်တွန်းချင်ပါတယ်။
(၁) ကြက်သွန်ဖြူကို နေ့စဉ်စားသုံးခြင်းဖြင့် သွေးတိုးရောဂါကို ပျောက်ကင်းသက်သာစေပါတယ်။
(၂) နာတာရှည် ချောင်းဆိုရောဂါများအတွက်လည်း ကြက်သွန်ဖြူကို အရည်ပြုတ်၍ သောက်သုံးနိုင်ပါတယ်။ သိသာထင်ရှားစွာ ရောဂါသက်သာပါလိမ့်မယ်။
(၃) လေနှင့် ပတ်သက်သော ရောဂါများအတွက် ကြက်သွန်ဖြူကို နှမ်းဆီနှင့်စိမ်၍ ဆားအနည်းငယ်ထည့်ပြီး ထမင်းမစားမီ စားပါ။ လေရောဂါ၊ နာတာရှည်ရောဂါမှ ပျောက်ကင်းပါလိမ့်မယ်။
(၄) လေဆန်နာ ရောဂါများကိုလည်း ကြက်သွန်ဖြူတစ်လုံးကို မီးဖုတ်၍ ကျွေးပါ။ သက်သာ ပျောက်ကင်းပါလိမ့်မယ်။

(၅) ကြက်ညှာချောင်းဆိုးပါက ကြက်သွန်ဖြူကို ထုထောင်း၍ နှမ်းဆီနှင့် ကျေအောင်နယ်ပြီး ရင်ဘတ်နှင့်ကျောကို လိမ်းကျံပေးပါ။ ခြေဖဝါးကို ၎င်းအတိုင်း ကြက်သွန်ဖြူထောင်း၍ နှမ်းဆီနှင့်နယ်ပြီး ပတ်တီးစည်းထားပြီး နံနက်မိုးလင်းရင် ခွာပါ။ သို့မဟုတ် ကြက်သွန်ဖြူကို အရည်နှစ်ပြီး ရေအနည်းငယ်နှင့် သကြားရောပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့် တိုက်ပေးပါ။
(၆) လည်ပင်းကြီးရောဂါသည်အနေဖြင့် ကြက်သွန်ဖြူဆီကို တစ်ကြိမ်လျှင် နှစ်စက်မျှ တိုက်ကျွေးပါ။ တစ်နေ့ သုံးကြိမ် တိုက်ကျွေးပါ။ လည်ပင်းတွင် လိမ်းပေးပါ။ သက်သာ ပျောက်ကင်းပါလိမ့်မယ်။
(၇) ခေါင်းကိုက်ဝေဒနာများအတွက် ကြက်သွန်ဖြူကို ဆားနှင့်ရောပြီး သောက်ပါ။ ကြက်သွန်ဖြူကို ကြိတ်ပြီး နားထင်တွင် လိမ်းပေးနိုင်ပါတယ်။
(၈) ကလေးများ ချောင်းဆိုးရောဂါဖြစ်သောအခါ ကြက်သွန်ဖြူကို အပ်နှင့်ထိုး၍ ပြာကျအောင်မီးဖုတ်ပြီး ပြာကို အမှုန့်ပြုလုပ်၍ ကလေးများကို တိုက်ကျွေးပါ။ သက်သာပျောက်ကင်းပါလိမ့်မယ်။

(၉) ပွေး၊ ဝဲ၊ ယားနာများအတွက် ကြက်သွန်ဖြူတစ်လုံးကို ဖင်မှလှီးပြီး ထွက်လာသောအစေးကို အနာအား မကြာခဏ ပွတ်ပေးပါက သက်သာပါလိမ့်မယ်။
(၁၀) အဆုတ်ရောဂါ ဝေဒနာများအတွက် ကြက်သွန်ဖြူတစ်လုံး တစ်နေ့တစ်ကြိမ် အရည်ညှစ်တိုက်ပါ။ စားပါ။ ကြက်သွန်ဖြူကို ကြိတ်၍ ထွက်လာသောအဆီဖြင့် ရင်ဘတ်ကို လိမ်းပေးပြီး အဝတ်နှင့် ရင်ဘတ်ကို ပတ်ထားပါ။ သက်သာပါလိမ့်မယ်။
(၁၁) အကြောအခြင်ကိုက်ခဲပါက ကြက်သွန်ဖြူကို အရည်ထုတ်၍ ပွတ်လိမ်းခြင်းဖြင့် ပျောက်ကင်း သက်သာစေပါတယ်။
(၁၂) နားပြည်ယိုခြင်းကို နှမ်းဆီ ငါးကျပ်သား၊ ကြက်သွန်ဖြူ အနည်းငယ်၊ လေးညှင်းနှစ်ပွင့်ခန့် တို့အား ထည့်ပြုတ်၍ နားအတွင် ပူနွေးနွေးလေး ထည့်ပေးပါ။ နားပြည်ယို၊ နားကိုက်၊ နားထိုင်း ပျောက်ကင်းစေပါတယ်။
(၁၃) ရာသီမြုံ၍ အခက်တွေ့နေပါက ကြက်သွန်ဖြူ၊ စမုံနက်၊ ဆား၊ မန်ကျည်းသီးမှည့်၊ ထန်းလျက်ငါးကျပ်သား၊ မိဿလင် သုံးကျပ်သားတို့အား ပေါင်းစပ်၍ ကြိတ်ပါ။ ဆီးသီးသုံးလုံးခန့် တစ်နေ့ သုံးကြိမ်ခန့် စားပါ။ သိသိသာသာကို သက်သာပျောက်ကင်းပါလိမ့်မယ်။
ဖော်ပြပါ နည်းလမ်းများ အားလုံးကို သိရှိပြီး ကြက်သွန်ဖြူကို အကျိုးရှိစွာ စားသုံးနိုင်ကြစေရန် အကြံပြုတိုက်တွန်း လိုက်ပါတယ်။
အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် သာယာပျော်ရွှင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Original Writer
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။