နှင်းသီးကို လူတိုင်းကြိုက်နှစ်သက်သလိုမကြိုက်တဲ့ သူတွေလည်း ရှိကြပါတယ်။ ဆောင်းရာသီမှာ မသီ:ဘဲ နွေနှောင်း မိုးဦးစမှာ သီးတဲ့အသီးနှံတစ်မျိုးဖြစ်ပါတယ်။ ပူနွေးစိုစွတ်တဲ့ ရာသီကိုကြိုက်နှစ်သက်ပါတယ်။ နှင်းသီးမှာ ရာဇဝင်ရှိပါတယ်။ newton ရဲ့ the law of gravity ဟာကမ္ဘာမြေကြီးရဲ့ ဆွဲအားကို တွေရှိခဲ့တာ နှင်းသီး ကြောင့်ဖြစ်ပြီး နှင်းသီးပင်အောက်မှာ ထိုင်နေတုန်း အပင်ပေါ်မှ အသီးဟာအေက်တည့်တည့် ကိုပြုတ်ကျလာတဲ့အတွက်ဆွဲငင်အား ရှိကြောင့် သိခဲ့တာဖြစ်ကြောင့် သိခဲ့ရပါတယ်။
နှင်းသီးဟာ ကယ်လိုရီနည်းပါးခြင်း၊ ဓာတ်တိုးဆန့်ကျင်တွေကြွယ်ဝခြင်း၊ ဗီတာမင်တွေ ကြွယ်ဝတဲ့အတွက် ကျန်းမာရေးအတွက် ပိုအထောက်ကူပြုပါတယ်။နှင်းသီးရွေးချယ်တဲ့အခါမှာ အခွံရဲရဲလေး ကိုပိုချိုပါတယ်။ မာတင်းတင်း အသီးတွေကတော့ လတ်ဆက်မှုကိုဖော်ပြတာဖြစ်လို့ အရည်လည်းပိုရွမ်းမှုကို ပေးပါတယ်။
အမျိုးသားတွေ ဆီးကိတ်ကင်ဆာ ဖြစ်ခြင်းမှကာကွယ်ပေးပါတယ်။ အမျိုးသမီးတွေအတွက် ရင်သားကင် ဆာမဖြစ်အောင်လို့ ကာကွယ်ပေးပါတယ်။ တစ်ရက်ကို နှင်းသီး ၃ လုံး စားပေးရင် သွေးထဲမှာရှိတဲ့ ကိုလက် စထရောကို လျော့ချပေးပါတယ်။ပန်ကရိယာကို ကောင်းကျိုးပြုခြင်းကြောင့် ဆီးချိုသမားတွေ စားသင့်ပါ တယ်။ရေဓာတ်ကြွယ်ဝစွာလည်း ပါရှိပါတယ်။ နှင်းသီးကို ဈေးထဲတွေရင်တော့ ဝယ်စားဖြစ်အောင် ဝယ်စား ပေးနော်။
Source : pauk pauk
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။