ကမ်းဇော်ဆီသာ တကယ် စစ်ခဲ့လျှင် တကယ့်ကို ဆေးဘက်ဝင်တဲ့ အဆီတစ်မျိုး ဖြစ်ပါတယ်။ ကမ်းဇော်ဆီကို အစစ်ကို စားရုံ လိမ်းပေးရုံနဲ့ ကုသဖို့ ခက်ခဲ့တဲ့ ကင်ဆာ အနာရောဂါတွေတောင် ပျောက်ကင်းနိုင်ပါတယ်။ ဒါ့အပြင် အခြားသော ၉၆ ပါးသောရောဂါတွေမှာလည်း ကမ်းဇော်ဆီ က အကျိုးသက်ရောက်မှု များစွာ ရှိပါတယ်။ ကမ်းဇော်ဆီ က Cholestrol ကို တိုးစေတာမျိုး မရှိတာကြောင့် စိတ်ချ၊ လက်ချ သောက်သုံးနိုင်ပါတယ်။ ကမ်းဇော်ဆီ စစ်လျှင် သုံးနှစ်လောက်ထား တာတောင် အနံ့အရသာ မပြောင်းလဲတတ်ပါဘူး။ 

တစ်ဆက်တည်းမှာပဲ ကမ်းဇော်ဆီရဲ့ ဆေးဖက်ဝင်မှုများကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အစာအိမ် ကင်ဆာ၊ ရင်သား ကင်ဆာ၊ အဆုတ် ကင်ဆာ အမျိုးမျိုးအတွက် သောက်၊ လိမ်းပေးပါ။

၂။ အလုံးအကျိတ် အဖု (ကင်ဆာ) တို့ကို သောက်၊ လိမ်း ပေးပါ။

၃။ ချောင်းဆိုးသော် ရင်ဝတွင် လိမ်း၍ သောက်ပေးပါ။

၄။ လည်ပင်းကြီးရောဂါ ဖြစ်လျှင် လိမ်း၊ သောက်ပေးပါ။

၅။ အနာ အမျိုးမျိုးကို လိမ်းပေးနိုင်ပါတယ်။

၆။ ထိခိုက် ပွန်းပဲ့ ရှနာနှင့် သွေးထွက်များသော အနာ၊ ဆီးချို ကြောင့်ဖြစ်သောအနာ အနာအို အနာဆွေးကို လိမ်းပေးပါ။ ဆီးချိုကြောင့်ဖြစ်သော ပေါင်ခြံ၊ ဆီးခုံ၊ ချိုင်း ကြား၊ နို့ကြား အနာအဖု ကလေးများကို လိမ်းပေး နိုင်ပါတယ်။

၇။ ခေါင်းကိုက်လျှင် နားထင်နှင့် ငယ်ထိပ်တွင် နာနာပွတ် လိမ်းပေးပါ။

၈။ ယားနာ အဖုအပိမ့် အကွက်ပေါ်ခြင်းကို လိမ်းပေးပါ။

၉။ အပူလောင်နာ အတွက် မီလောင်ဖု မထရန်နှင့် အမာရွတ် ပေါ်ခြင်းကို လိမ်းပေးပါ။

၁ဝ။ လိပ်ခေါင်းရောဂါ စအိုကွဲ၊ ဖနောင့်ကွဲ၊ နားကွဲ၊ နှုတ်ခမ်း ကွဲ၊ လျှာကွဲ၊ မှက္ခရုကို လိမ်းပေးပါ။

၁၁။ ဒူးနာ၊ ခါးနာ၊ အဆစ်အမျက်နာ၊ ညောင်းညာခြင်းကို အကြောပြင်၍ လိမ်းပေးပါ။

၁၂။ အနာရောင်ရမ်း ကိုက်ခဲခြင်းကို လိမ်းပေးပါ။

၁၃။ လေဖြတ်၊ ထုံကျင် ကိုက်ခဲခြင်း ဇက်ခိုင်ခြင်း ကို အကြော ပြင်၍ လိမ်းပေးပါ။

၁၄။ နား နာ၊ နားလေထွက်ကို ဆီတစ်စက် ထည့်ပြီး ဂွမ်းဆို့ ထားပါ။

၁၅။ အိပ်ရာကျောပူအနာ ကို တစ်နေ့ ၄ ကြိမ် လိမ်းပေးပါ။

၁၆။ အသက်ရှည် ကျန်းမာရန် ထမင်းပူပူနှင့် နယ်စားနိုင်ပါတယ်။

၁၇။ ဝမ်းကိုက်၊ ဝမ်းလျှောကို သောက်၊ လိမ်းပါ။

၁၈။ လေဖြတ်၊ အဆုတ်ပြွန်ရောင်ကို လိမ်း၊ သောက်ပါ။

၁၉။ မြွေကိုက်သော် လိမ်းပေးပါ။ မြွေကိုက်၍ အနာပုပ်ကျ ခြင်းကို ကောင်းစေပြီး အနာကျက်စေပါတယ်။

၂၀။ ဝမ်းတွင်း၌ ဖြစ်တတ်သောရောဂါများ၊ အဖုအကျိတ် များ၊ အစာအိမ် အနာ၊ ချောင်းဆိုးသွေးပါရောဂါများ တွင် အဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် ပျားရည် တစ်ဇွန်း ရောစပ်ပြီး တစ်နေ့ သုံးကြိမ်သောက်ပါက သက်သာစေပါတယ်။

၂၁။ အပူလောင်ခြင်း၊ ရေနွေးပူလောင်ခြင်း၊ မီးပူလောင်ခြင်း၊ ထိခိုက်ရှနာများ တွင် ကမ်းဇော်ဆီ ကို ဝါဂွမ်းသန့်နှင့် ဆွတ် ၍ လိမ်းပေးပါက အနာကို လျင်မြန်စွာ ကျက်စေပြီး အရေပြားကို ပကတိ အသားအရေ အတိုင်း ပြန်လည်ကောင်းမွန်စေပါတယ်။

၂၂။ ပန်းနာရင်ကျပ်၊ လေထိုးလေအောင့်၊ မီးယပ်ရောဂါ အမျိုး မျိုး၊ အသားအရေ ခန်းခြောက်ခြင်း၊ အစာမကြေခြင်း၊ ပျို့အန်ခြင်းရောဂါများတွင် အဆီကို တစ်ခါသောက် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ တစ်နေ့ သုံးကြိမ်၊ အစား မစားမီ သောက်စေခြင်းဖြင့် သက်သာစေပါတယ်။

၂၃။ အနာရွတ်များ၊ အကွက်များ၊ အရေပြားပေါ်တွင် အနာ အမျိုးမျိုးဖြစ်ပွားပြီး ကြမ်းတမ်းနေလျှင် အဆီ ကို တစ်နေ့ သုံးကြိမ် လိမ်းခြင်းဖြင့် သက်သာပျောက်ကင်း စေပါတယ်။

၂၄။ ဒူလာ၊ လိပ်ခေါင်း စအိုကွဲနာ၊ ခြေကွဲနာ၊ သားအိမ်ရောဂါ များတွင် အဆီ တစ်မျိုးတည်းဖြင့် ဖြစ်စေ၊ ထောပတ်နှင့် ရောစပ်၍ ဖြစ်စေ လိမ်းပေးပါက အနာများကို အမြန် ကျက်စေ၊ ကျုံ့စေပါတယ်။

၂၅။ အကြောရောဂါများ၊ ဇက်ခိုက်ခြင်း၊ ခါးနာခြင်း၊ အဆစ် အမျက် ကိုက်ခဲခြင်း၊ ရောင်ခြင်း၊ ထုံကျဉ်ခြင်း၊ အနာ မန်း ရှိပြီး ရောင်ရမ်းခြင်းတို့ကို တစ်နေ့လျှင် သုံးကြိမ် လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။

၂၆။ နားအူခြင်း၊ နားတွင်း အနာဖြစ်ခြင်း၊ နားလေထွက်ခြင်း၊ နားထဲတွင် အဆီများ ခမ်းခြောက်ခြင်း၊ တင်းခြင်း၊ ယားယံ ခြင်းများဖြစ်လျှင် ကမ်းဇော်ဆီကို နားထဲသို့ နှစ်စက်ခန့် နှစ်ကြိမ် ထည့်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေပါတယ်။

၂၇။ အဖျားတက်ပြီး အပူကြီးနေသူများကို ၁၅ မိနစ်ခြား တစ်ကြိမ် တစ်ကိုယ်လုံးကို ကမ်းဇော်ဆီ မကြာခဏ လိမ်းပေးပါက ကိုယ်ပူကျစေပြီး ကလေးများ၏ ကိုယ် ပေါ်၌ ခြင်ကိုက်ဖုများကို မကြာခဏ လိမ်းပေးပါက အနီစက်များ လျင်မြန်စွာ ပျောက်ကင်းစေပါတယ်။

ကျန်းမာခြင်းက လာဘ်ကြီးတစ်ပါးမို့ ကမ်းဇော်ဆီ အစစ်ကိုသာ ပိုင်ဆိုင်ထားမယ်ဆို ကျန်းမာရေးအတွက် များစွာ အသုံးဝင်တာမို့ ရွှေထက် ပိုတန်ဖိုးကြီးပါတယ်။ ဖော်ပြပါ ကျန်းမာရေး ဗဟုသုတများ သိရှိပြီးနောက် အားလုံးပဲ သာယာလှပသော နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - ဒေါက်တာရွှေထွန်း၊ မြိတ်ခရိုင်တိုင်းရိုင်းဆေးပညာဌာန တိုင်းဦးစီးမှူး ဒေါ်ဝါဝါ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။