ခရေပင်အောက်ကိုဝင်ရင် ခရေပွင့်လေးတွေကို မကောက်ပဲမနေနိုင်ပါဘူးနော်။ပြီးတော့ သူကိုနမ်းလိုက်ရမှ ကျေနပ်တယ်မလား။ ခရေပွင့် ကိုတင်စားခိုင်းနှိုင်းထားတာတွေက အများကြီးပါ။ ရှေးခတ်ဆေးကျမ်းများမှာ တော့ ခရေ ကိုချယားဟုခေါ်ကြပါတယ်။ အင်္ဂလိပ်လို့တော့ star flower ခေါ်ပါတယ်။မြန်မာနိုင်ငံအနှံပေါက် ရောက်ပြီး မြေပြန့်တွေမှာတော့ အများအပြားတွေရပါတယ်။ ခရေပင်ဟာ ဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ် ပါတယ်နော်။ ခရေပင်၏ခေါက်မှာ ချို၊ခါးအေးတဲ့ အရသာရှိပါတယ်။

နှလုံးကို ကောင်းမွန်စေပြီး၊ဝမ်းမီးကို ပွားစေပါတယ်။သွားဖုံးရောဂါကို သက်သာစေပါတယ်။ သည်းခြေ ဖောက်ပြန်ခြင်းကို အထူးကာကွယ်ပေးပါတယ် အပွင့်ကတော့ ချို၊ဖန်၊အေးပါတယ်။ နှလုံးတုန်၍ အိပ်မပျော်ခြင်း၊ ယားယံခြင်း စတဲ့ဝေဒနာတွေကို ပျေက်ကင်းစေပါတယ်။ ခရေသီးကတော့ မှည့်ရင်ချိုတဲ့ အရသာရှိပါတယ်။သလိပ်သည်းခြေအတွက် အထူးကောင်းမွန်ပါတယ်။ ခရေအနံကိုရှူရင် ခေါက်းကိုက် ပျေက်စေပါတယ်။ နှလုံးရောဂါ ဝေဒနာသည်တွေ အတွက် ခရေခေါက်ကို သုံးခွက်တစ်ခွက်တင် ပြုတ်ပြီး သောက်ပေးရင် ပျေက်ကင်းစေပါတယ်။

ခရေခေါက် ကိုရေစိမ်ပြီးသောက်ပေးပါက ဆီးအိမ်သန့်ရှင်းစေခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းများ ပျေက်ကင်းနိုင်ပါတယ်။ ခရေပွင့်အခြောက်ကိုခေါက်အုံးလုပ်ပြီး အိပ်ပေးပါက နှလုံးရောဂါနုလျင် ပျေက်ကင်းပြီး ရင့်လျင် သက်သာစေပါတယ်။နွေရာသီ မိတ်ထွက်ခြင်းအတွက် ခရေပွင့်ကိုဆားနင့်သွေး ကာလိမ်းပေးရင် သက်သာ စေပါတယ်။ မီးယပ်အဖြူဆင်းခြင်းအတွက် ခရေပွင့် လတ်လတ် (၃) မတ်သား၊ ဗာဒဲစေ့ (၃)စေ့၊ သကြားခဲ ၃ )ပဲသား၊ ရောကာ သောက်သုံးနိုင်ပါတယ်။ ခုဖော်ပြပေးခဲ့တာတွေကတော့ ခရေနှင့်ပတ်သက်ပြီး ပျေက်ကင်းနိုင်တဲ့ ဝေဒနာတွေကိို ဖော်ပြပေးတာဖြစ်ပါတယ်။ နောက်ဆက်တွဲ ပျေက်ကင်းနိုင်တဲ့ ဝေဒနာတွေကိုလည်း ဖော်ပြပေးမှာဖြစ်ပါတယ်။

Source : မြဝတီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။