နွယ်ချိုဆိုလူတိုင်းနှင့် ရင်းနှီးပြီးသားဖြစ်မှာပါနော်။ နွယ်ချိုအမြစ်ထဲမှာ ပါဝင်တဲ့ဂလီဆိုင်ရစ်ဇစ်အက်စစ် ပါဝင်တဲ့အတွက် အဒရီနယ်ဂလင်းရဲ့လုပ်ဆောင်ချက်တွေကို အားကောင်းစေပြီး စိတ်ဓာတ်ကျခြင်း၊ ပူပင်သောကများခြင်း၊ တွေကိုသက်သာစေပါတယ်။ စိတ်ဖိစီးမှုတွေကိုလည်း ချုပ်ထိန်းပေးပါတယ်နော်။ နာ့ဗ်ကြောစနစ်ကိုလည်း တည်ငြိမ်အောင် လုပ်ဆောင်ပေးတဲ့အစွမ်းသတိရှိပါတယ်။ ခန္ဓာကိုယ်အတွင်း သည်းခြေရည်စီးဆင်းမှုကို ကောင်းမွန်စေပြီး သွေးတွင်းကိုလက်စထရောကို လျော့ချပေးပါတယ်။ သွေးကြောပိတ်ဆို့မှုကိုလည်း သက်သာစေပါတယ်။

အမျိုးသမီးတွေအနေနဲ့ သွေးဆုံးချိန်ဖြစ်တဲ့ဝေဒနာတွေ အတွက်လည်းအစွမ်းထက်တဲ့ ဆေးပါ။ ဖိုင်တိုအီစထရိုဂျင်၊ အင်တီအောက်ဆီးဒင့် ပါဝင်ခြင်းကြောင့်မောပန်းခြင်း၊ စိတ်လှုပ်ရှားခြင်း၊တို့ကို သက်သာ စေပါတယ်။ ပြီးတော့ အမျိုးသမီးတွေရာသီလာရင်ခံစားရတဲ့ ရင်သားတင်းမာခြင်း၊ ဗိုက်နာခြင်း၊ ပျို့အန်ချင် သလိုဖြစ်ခြင်း၊ လေပွခြင်းတို့ကို သက်သာစေပါတယ်။ အဲဒီဝေဒနာတွေအတွက် နွယ်ချိုမြစ်ကို လက်ဖက် ရည်ထဲထည့်သောက်ထားရင် သက်သာစေပါတယ်။ နွယ်ချိုဟာ ရောင်ရမ်းမှုတွေသာမက အရေပြားပေါ်ဖြစ် တတ်တဲ့ နှင်းခူလက္ခဏာတွေကို သက်သာစေပါတယ်။

နွယ်ချိုမြစ်ကို ရေယုန်၊ အနာ တွေမှာအသုံးဝင်ပြီး အစာကြေဖို့အတွက်လည်း အထောက်ကူပြုပါတယ်။ နေ့တိုင်းနွယ်ချိုအနည်းငယ်စားပေးရင်လည်း ခန္ဓာကိုယ်အဆီကျဆင်းစေပါတယ်။ နောက်ပြီးတော့ လည်း ချောင်းယားယံခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်တွေ အနေနဲ့နွယ်ချိုကိုရှောင် သင့်ပါတယ်နော်။ နောက်ထပ်ရှောင်သင့်တဲ့သူတွေကတော့ အသည်းဝေဒနာ၊ ကျောက်ကပ်၊ ဆီးချို၊ သွေးတိုး၊ နှလုံးသမားများ၊ နွယ်ချိုမစားသင့်ပါဘူး။အားလုံးကျန်းမာရွင်လန်းကြပါစေ။

Source : ကြယ်စင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။