Gynaecomastia လို့ခေါ်တဲ့ အမျိုးသားရင်သားကြီးရတဲ့ အကြောင်းရင်းကတော့ ကမ္ဘာ ပေါ်မှာ အမျိုးသားသုံးပုံတစ်ပုံခန့် ရင်ဆိုင်နေရတဲ့ ပြသာနာဖြစ်ပါတယ်။ဒါကလည်း ကျန်းမာ ရေးနှင့် ဆိုင်တဲ့ပြသာနာတစ်ခုဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အမျိုးသား ၆၅% ခန့်ဟာလူပျို ဖော်ဝင်တဲ့အချိန်မှာ ရင်သားအနည်ငယ်ကြီးလာတတ်ပါတယ်။ဒါပေမဲ့ အသက် (၁၈) နှစ် အရွယ်ရောက်သွားရင်တော့ ပုံမှန်အတိုင်းပြန်ဖြစ်သွားကြပါတယ်။ ရင်သားကြီးပါတယ် ဆိုတဲ့ အမျိုးသားတွေဟာ တစ်ကယ်တော့ ရင်သားတစ်သျှူးတွေပျော့တွဲလာပြီး ရင်သား ကြီးသယောင်ရှိပေမဲ့ ဒါဟာအဆီတွေရင်သားမှာ စုနေတာကြောင့်လည်းဖြစ်ပါတယ်။

အမျိုးသားတွေ ရင်သားကြိးခြင်းက ကျားဟော်မုန်းဓာတ်နဲ့ မဟော်မုန်းဓာတ် မညီမျှလိုပဲဖြစ် ပါတယ်။ အသက်ကြီးတဲ့ သူတွေတက်စတိုစတီရုန်းကျားဟော်မုန်း လျော့နည်းလာခြင်း၊ နှလုံးရောဂါဆေးသောက်နေရသူများ၊ ဆေးဝါးများကို နေ့စဉ်ရက်ဆက်မှီဝဲနေရသူများ၊ ဆေးခြောက်သုံးသူများ၊ ကျောက်ကပ် အသည်းထိခိုက်မှုရှိသူများ၊ နာတာရှည်ကျေက်ကပ် ဝေဒနာခံစားနေရသူများ၊ သိုင်းရွိုက်ဂလင်း အလွန်အကျွံလုပ်လုပ်ခြင်း၊ အစာအိမ်၊ အကျိတ် စတဲ့ ဝေဒနာတွေဖြစ်နေခြငး်ကြောင့်လည်း ဖြစ်လေ့ရှိပါတယ်။

ဖြစ်နိုင်ခြေများနိုင် သူတွေကတော့ အသက် (၅၀)ကျော် အဝလွန်တဲ့သူ၊ အရက်ကိုအလွန် အကျွံသောက်တဲ့သူ၊ အန်ဒရိုဂျင်ဟော်မုန်း ထုတ်လုပ်မှုကို ဟန့်တားစေတဲ့ဆေးတွေမှီဝဲ နေရသူ၊ပြီးတော့ မိသားစု မျိုးရိုးရှိသူ၊ တွေဖြစ်တာပိုများပါတယ်။ ကမ္ဘာပေါ်မှာအဖြစ်နည်းတဲ့ အမျိုးသားတွေရင်သားကြီးတဲ့ ပြသာနာကို ဖြေရှင်းဖို့ အထက်မှာဖော်ပြခဲ့တဲ့ လုပ်ရပ်တွေကို မလုပ်မိအောင်ရှောင်သင့်ပါတယ်နော်။ များမကြာမှီကပဲ ကြက်သားအလွန်အကျွံစားလို့ ရင်သားကြီးလာတဲ့ အမျိုးသားအကြောင်းလည်း ကြားထားပြီးဖြစ်မှာပါ ။ ဘာပဲဖြစ်ဖြစ် ကျန်းမာရေးနှင့် ညီညွတ်အောင်စားသောက်ကြဖို့နဲ့ အားကာစားတွေကို ပုံမှန်လုပ်ပေးဖို့ လိုအပ်ပါတယ်။ အားလုံးပဲကျန်းမာတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါစေ။

Source : Myanmar News Update

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။