မာလကာသီး ဆိုမကြိုက်တဲ့သူရှိရဲ့လား၊ မာလာကာသီးမှာ အဖြူ၊ ပန်ရောင်၊ အဝါရောင်ဆို ပြီး အရောင်လေးတွေနဲ့ကွဲပြားစွာ သီးတဲ့အသီးအမျိုးအစားဖြစ်ပါတယ်။ ကျန်းမာရေးအ တွက်အထောက်ကူပြုတဲ့ မာလာကာသီး အကြောင်းကိုတင်ပြလိုက်ရပါတယ်။ အဆီဓာတ် လျော့နည်းစွားပါဝင်ပြိ်း အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက် ကျန်းမာရေးအတွက် အထူးကောင်း တဲ့ အသီးဖြစ်ပါတယ်။ဆီးချိုဝေဒနာသည်တွေ အနေနဲ့ မာလကာသီးကိုအခွံဖယ်စားပေး သင့်ပါတယ်။ ဝမ်းလျော၊ဝမ်းကိုက်ခြင်းတို့အတွက် မာလာကာသီးထဲမှာ ဗိုက်တာမင်စီ၊ ကယ်ရိုတီနွိုက်စ် ၊ပိုတက်စီယမ်တို့ ပါဝင်ပါတယ်။ အူထဲမှာရှိတဲ့ မကောင်းတဲ့ပိုးမွားတွေကို ရှင်လင်းပေးပါတယ်။ အချွဲတွေကိုလည်း ဖယ်ရှားပေးပြီး အစာအိမ်၊အူယောင်တင်းခြင်း တို့ကိုသက်သာစေနိုင်ပါတယ်။ မာလကာရွက်ကို ရေနွေးဖြင့်ခက်သောက်ပေးပါက ကာလဝမ်းရောဂါ မဖြစ်အောင်ကာကွယ်ပေးပါတယ်။

ရောင်ရမ်းနာ အစွမ်းထက်တဲ့ဆေးတစ်ခွက်အတွက် မာလကာရွက်ပြုတ်ရည်ကို သေက်ပြီး ပျေက်ကင်းနိုင်ပါတယ်နော်။ အဆစ်အမြစ်ရောင်ရမ်းခြင်းအတွက် အရွက်ကိုထောင်းပြီး အုံး ပေးရင်သက်သာစေပါတယ်။မာလကာသီးဖျော်ရည်ကို သောက်ပေးခြင်းဖြင့် အအေးမိခြင်း၊ ချောင်းဆိုးခြင်း၊ အဆုတ်ထဲပိုးဝင်ခြင်း၊ အသက်ရှုလမ််းကြောင်းဆိုင်ရာ ဝေဒနာတွေကို လည်းသက်သာပျေက်ကင်းစေပါတယ်။ သွေးတို်းသမားတွေ စားပေးသင့်ပါတယ်။ ကိုလက်စထရောကိုချပေးပြီး သွေးခဲခြင်းကိုလည်း ကာကွယ်ပေးပါတယ်။သွေးတိုးခြင်းနဲ့ ပတ်သက်ပြီး ကာကွယ်ပေးတဲ့အတွက် နှလုံးသွေးကြောဝေဒနာတွေကို ကာကွယ်ပေးပြီး လေဖြတ်ခြင်းတို့အတွက်လည်း ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။

အမျိုးသားတွေအတွက် ဆီးကျိတ်ကင်ဆာ နှင့်အမျိုးသမီးတွေအတွက် ရင်သားကင်ဆာကို တာမြစ်ပေးပါတယ်။ ဓတ်တို်းဆန့်ကျင်ပစ္စည်းတွေပါဝင်ခြင်းကြောင့် အမျိုးသားတွေအတွက် သုတ်ရည်ထွက်ရှိမှုကို အားကောင်းစေပြီး မျိုးအောင်စေပါတယ်။ သွားပိုးရောဂါဖြစ်ပွားခြင်း ၊သွားဖုံးရောင်ခြင်းတွေကို သက်သာစေပါတယ်။မာလကာသီးကိုတော့ ရေခဲသတ္တာတွေထဲ သိမ်းမထားသင့်ပါဘူးနော်။ ခေါင်းမကြည်လင်ခြင်း၊ အိပ်မပျော်ခြင်းအတွက် မာလကာရွက် ကိုရေဆေးပြီးလက်ဖြင့်ပွတ်ကာ နမ်းရှိုက်ပေးရုံဖြင့် ပျေက်ကင်းနိုင်ပါတယ်နော်။

မာလာကာရွက်ပြုတ်ရည်ကို သောက်ပေးခြင်းဖြင့် ပန်းနာရင်ကျပ် အဆုတ်ဝေဒနာတွေ အတွက် သက်သာပျေက်ကင်းစေပါတယ်။ မာလာကာသီးကိုစားပေးခြင်းဖြင့် ခုခံအားစနစ် ကိုကောင်းမွန်စေပါတယ်။ ဝက်ရှုးပြန်ဝေဒနာတွေအတွက် မာလကာရွက်ပြုတ်ရည်ကို ရေချိုးပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ ဒီလောက်ဆို မာလာကာသီးအသုံးဝင်ပုံတွေကို သိလောက်ပြိးမို့် အားလုံးကိုနုှုတ်ဆက်ခဲ့ပါတယ်။ ကျန်းမာရွင်လန်းကြပါစေ။
Source : Pauk Pauk
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။