စပါးကြီးသည်းခြေကို လူတိုင်းသိကြမှာပါ။ စပါးကြီးသည်းခြေက လေဖြတ်ခြင်း၊ လေငန်းဝေဒနာနှင့် တစ်ခြား သောရောဂါတွေမှာ အသုံးဝင်လှပါတယ်။ အထူးသဖြင့် တိုင်းရင်းဆေးဖော်စပ်ရာမှာ သုံးတာများပါတယ်။ လေဖြတ်သမားတွေ စကားမပြောနိုင်ခြင်းအတွက် စပါးကြီးသည်းခြေကို လျှာမှာပွတ်ပေးပါက သက်သာနိုင် ပါတယ်။ အထူးသတိထားရမှာကတော့ အတုအစစ်ကို ခွဲခြားသိဖို့လိုပါတယ်။ စပါးကြီးသည်းခြေအစစ်ဆိုရင် ရေထဲတစ်စလေးချလိုက်ရင်ဖြင့် ရေထဲမှာ အဲဒီအစကလေးတန်းပြေးသွားတာတွေ့ရမှာပါ။ နောက်တစ်နည်း ကတော့ ဒီရေတက်တဲ့ ရက်ဆို စိုနေတတ်ပြီး၊ တစ်ခြားရက်တွေမှာ ခြောက်သွေ့နေတတ်ပါတယ်။ အရသာ ကအလွန်ခါးလှပေသည်။နောက်တစ်နည်းကတော့ စပါးကြီးသည်းခြေကို လက်ဖဝါးတွင်သုတ်လိမ်းထားပြီး လက်ဖမိုးကို လျှာဖြင့်လျက်ကြည့်ပါက ခါးနေသည်ကိုတွေ့ရပါတယ်။

စပါးကြီးမြွေဟာ နှားခေါင်းပေါက်ကိုးပေါက် ပါရှိပါတယ်။ ပိုးထိပြီး ဆီးမသွားခြင်းအတွက် စပါးကြီးသည်းခြေ ကိုသွေးပြီး ဆီးခုံပေါ်လိမ်းပေးပါက ချက်ချင်းဆီးသွားစေပါတယ်။ မြွေအဆိပ်လည်းပြေပျေက်စေပါတယ်။ အဆူးစူးခဲ့ပါက အနာဝန်းကျင်လိမ်းပေးလျင် အဆူးထွက်လာပါလိမ်းမယ်။ မေးခိုင်နေခြင်းများအတွက် လျှာကိုပွတ်ပြီးမှ မျိုချပေးပါ။ သက်သာပါလိမ့်မယ်။ လေငန်းဝေဒနာအတွက် တောရှောက်မြစ်နှင့်ရောသွေး ကာလိမ်းပေးပါ။ ဆီးချိုဖြစ်ပါက ဆီးခုံမှာလိမ်း၊ ပေါက်ပါတယ်။ ဆီးကျောက်တည်သူများအတွက် ဆန်ဆေး ရေနှင့် စပါးကြီးသည်းခြေကိုရောသွေးကာ သောက်ပေးပါကပျေက်ကင်းပါတယ်။ မျက်စိနာခဲ့လျှင်လည်း မျက်စိနှစ်ဖက်ကို ကွင်းပေးပါ။သက်သာပါတယ်။ ကလေးတွေ သူငယ်နာဖြစ်လျှင် လျာမှာပွတ်ပေးပါနော်။ လေးဖက်နာဝေဒနာအတွက် ဆေးပန်းဥနှင့် ရောပြီးသွေးလိမ်းပေပါ။ ရောင်ရမ်းနာတွေအတွက် ယူကလစ် ခေါက်နှင့်ရောသွေးလိမ်း။

အဆစ်အမြစ်ကိုက်ခဲခြင်းတွေအတွက် ယူကလစ်ခေါက်ဖြင့် ရောသွေးကာလိမ်းပေးပါက သက်သာနိုင်ပါ တယ်။ ဇက်ကြောထိုးခြင်း၊ ဇက်ကြောတက်ခြင်းအတွက် ကွမ်းရွက်ရည်နှင့် ရောသွေးကလိမ်းပေးပါက သက်သာပါတယ်။ မီးဖွားတဲ့အမျိုးသမီးများ မွေးရခက်လျင် ချက်ပေါ်တင်ထေားပေးပါ။ နောက်တစ်ခုက စျေး ရောင်းမကောင်းသောစျေးသည်တွေအတွက် စပါးကြီးသည်းခြေအဖိုနှင့်အမ ကိုချိန်ခွင်ပေါ်မှာချိတ်ထားခြင်း ဖြင့် စျေးရောင်းကောင်းစေမှာဖြစ်ပါတယ်။ ဒီလောက်ဆိုရင် စပါးကြီးသည်းခြေဘယ်လောက်ထိ အစွမ်းသတိ ရှိတယ်ဆိုတာသိကြပြီးမို့ အားလုံးကိုနှုတ်ဆက်ပါတယ်။ ကျန်းမာပျော်ရွင်ကြပါစေ။

Source : မြန်မာ့အာယုဗ္ဗေဒသိမ်ဖြူဆေးသိပ္ပံဆရာတော်
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။