စာရေးသူလည်း ပရုပ်လုံးအနံကိုတော်တော်လေးကြိုက်နှစ်သက်ပါတယ်။ ရေချိုးပြီးလို့ ဗီရိုထဲကအဝတ်တွေ က ပရုပ်နံသင်းသင်းလေးနဲ့ဆို အရမ်းစိတ်ကျေနပ်မှုရှိပါတယ်။ ကိုယ်ကိုကိုယ်လည်း ယုံကြည်မှုရှိစေပါတယ်။ အဝတ်ဗီရိုတစ်ခုတည်းမဟုတ်ပါဘူး ။အိမ်သာ ရေချိုးခန်း၊ စာအုပ်စင်တွေကအစ ပရုပ်လုံးကအသုံးဝင်ပါ တယ်။ ပရုပ်လုံးမှာ နပ်ဖ်သလင်း၊ ပါရာဒိုင်ကလိုရိုဘန်ဇင်း တို့ကပိုးမွားတွေကိို ပြေးစေတဲ့ဓာတ်တွေ ပါဝင်ပါ တယ်။ ပရုပ်လုံးဟာအငွေပျံတဲ့အတွက် ဓါတုတွေထွက်လာပါတယ်။ ပရုပ်လုံးကထွက်တဲ့အနံကကျန်းမာရေး အတွက်ဘယ်လောက်ထိခိုက်တယ်ဆိုတာ သိမှာမဟုတ်ပါဘူး။

ကလေးတွေရော၊လူကြီးတွေမကျန်း ဒီပရုပ်လုံးတွေရဲ့အနံတွေကို ရှုနေရင်တော့ အဆိပ်ငွေ့ရှုနေ သလို ပါပဲ၊ဒါကြာင့်သတိထားပေးဖို့မှားကြားချင်ပါတယ်။ ပရုပ်လုံးအနံကမျက်စီ၊ အသက်ရှူလမ်းကြောင်း၊ တွေကို အနှောင့်အယှက်ပေးသလို၊ ခေါင်းကိုက်ခြင်း၊ မှုးခြင်း၊အန်ခြင်းတို့ကိုဖြစ်ပေါ်စေပါတယ်။ ကင်ဆာအမျိုးအစား နဲ့တောင်ဆက်စပ်မှုရှိတယ်လို့သိရပါတယ်။ ပရုပ်လုံးမှာပါဝင်တဲ့ နပ်ဖ်သလင်းဓာတ်က အဆိပ်ပိုပြင်းပါတယ်။ ခန္ဓာကို်ယ်အတွင်းမှာရှိတဲ့ သွေးနီဥလေးတွေကို ပျက်စီးစေတဲ့သဘောရှိပါတယ်။ သွေးနီဥပျက််စီးခြင်း ကြောင့် သွေးအားနည်းရောဂါ၊ တွေဖြစ်လာနိုင် ပါတယ်။ အင်ဇိုင်းမာချို့တဲ့သူတွေ ပိုထိခိုက်နိုင်ပါတယ်။

လူကြီးထက် ကလေးတွေပိုဂရုစိုက်ရမှာဖြစ်ပါတယ်။ ကလေးတွေပါစပ််ထဲလည်းမဝင်မီပါစေနဲ့နော်။အဲလိုဆို ပရုပ်လုံးမသုံးတော့ဘူးဆို ပိုးကောင်းတွေကို စိတ်မချ ရတော့ဘူးပေါ့ ။ဟုတ်ပါတယ် ပရုပ်လုံးဝယ်တဲ့အခါ ဓာတုနာမည်တွေကိုပါထည့်ရေးထားတာမို့ အန္တာရယ်ရှိတဲ့ (အပေါ်မှာဖော်ပြခဲ့ပြီး) အမျိုးအစားတွေဖြစ် တာမို့ ရှောင်သင့်ပါတယ်နော်။ ပရုပ်လုံးတွေကို အမျိုးအစား အမျိုးမျိုးနဲ့ထုတ်လုပ်တာတွေရှိပါတယ်။ အကောင်းဆုံးကတော့ အသုံးရင်ကောင်းပါတယ်နော်။ ကိုယ်ဗီရိုကို သေချာပိုးမွားတွေမဝင်အောင် သန့်ရှင်း ရေးလုပ်ထားပေးပါ။ ပရုပ်လုံးတွေက ပိုးမွားတွေပြေးပါတယ် ၊လေးညှင်းပွင်းတွေလည်းပိုးမွား တွေပြေးတယ်၊ ထင်းရှူသားသန့်သန့်လေးတွေကိုဗီရိုထဲထည့်ပေးလို့လည်း ရပါတယ်။ ဒါကြောင့်သဘာဝဖြင့်မရနိုင်တဲ့အရာ တွေကိုဂရုပြုသုံးပေးဖို့တိုက်တွန်းချင်ပါတယ်နော်။ အားလုံးကျန်းမာကြပါစေ။

Source : Child Health Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။