မုန်ညင်းဖြူ ဆိုလူတိုင်းသိပါတယ်နော်။ အစိမ်းရင့်အရောင်ရှိပြီး အရိုးကဖြူဖြူလေးဖြစ်ပါတယ်။ အရိုးထက် အရွက်ကိုပိုစားသုံးကြတာတွေရပါတယ်။ လူတွေစားသုံးတဲ့ အရွက်လေးတွေမှာ တော့အာဟာရ ဓာတ်တွေ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်တွေ များစွာပါဝင်နေပါတယ်။မုန်ညင်းဖြူကို တရုတ်ဟင်းတွေမှာအများဆုံး တွေ့ရတတ်ပြီး နှလုံးကျန်းမာသန်စွမ်းစေဖို့ အရိုးတွေသန်မာစေဖို့ နဲ့ သွေးလည်ပတ်မှုကိုကောင်းမွန်စေပါ တယ်။ အံသြစရာကောင်းတာကတော့ မျက်လုံးကျန်းမာရေးကို ကောင်းကျိုးပေးနိုင်တယ်ဆု်ိခြင််းပါပဲ။ နောက်တစ်ခုကတော့ ကိုယ်ခံအားစနစ်ကိုလည်း မြင့်တင်ပေးသလို နာတာရှည်ရောဂါအတွက် အထောက် အကူဖြစ်စေပါတယ်။

မုန်ညင်းဖြူရဲ့ကျန်းမာရေး ကောင်းကျိုးနောက်တစ်ခုကတော့ သတ္တုဓာတ်များစွာပါဝင်မှုကြောင့် အရိုးတွေ သန်မာဖို့ကို အဓိကအထောက်အကူပြုပေးပါတယ်။

သံဓာတ်၊ဇင့်ဓာတ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ် ဓာတ် များစွာပါဝင်ခြင်းကြောင့် ကြံခိုင်ဖို့အတွက်မုန်ညင်းဖြူက ပိုသင့်တော်စေမှာပါ။ သက်ကြီးရွယ်အိုများအနေ ဖြင့် အရိုးပွရောဂါမဖြစ်အောင်ကာကွယ်ပေးတာမို့ မုန်ညင်းဖြူကိုစားပေးသင့်ပါတယ်။ အသက်ကြီးလာခြငး် ကြောင့် အရိုးအက်ခြင်း၊ ကျိုးခြင်းတွေကို မုန်ညင်းဖြူစားပေးပါက် ပိုမိုကောင်းမွန်တဲ့ အရိုိးတွေကို ပိုင်ဆိုင်နိုင် မှာဖြစ်ပါတယ်။ သံဓတ်ပါဝင်တဲ့အတွက်လည်း သွေးနီဆဲလ်တွေကို ထုတ်ပစ်နိုင်တာဖြစ်တဲ့အတွက် မုန်ညင်း ဖြူကိုစားပေသင့်ပါတယ်ရှင်.။သံဓာတ်ပြည့်စုံစေဖို့အတွက် မုန်ညင်းဖြူကို နေ့စဉ်စားပေးပါကလည်း လုံး လေက်တဲ့ သွေးလည်ပတ်မူကို ရရှိစေမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အောက်ဆီဂျင်တွေ လည်း ရောက်ရှိစေမှာဖြစ်ပါတယ်။ ဗီတာမင်ကေ ပါဝင်တဲ့အတွက် ဒဏ်ရာ၊ သွေးထွက်လွန်ခြင်းအတွက် သွေးတိတ်စေနိုင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ရာသီသွေးအဆင်းများခြင်းများအတွက်လည်း စားပေး သင့်တဲ့သီးနှံတစ်မျိုးဖြစ်ပါတယ်။

မုန်ညင်းဖြူထဲမှာ ဆာလဖာကိုအခြေခံပါဝင်တဲ့အတွက် ကင်ဆာဖြစ်နိုင်ခြင်းကိုကာကွယ်ပေးပါတယ်။ စိတ် ဖိစီးမှုကိုလျော့ချပေးပြီး ဆဲလ်များကို ကျန်းမာသန်စွမ်းစေပါတယ်။ ဗီတာမင်အေကြွယ်ဝစွာပါဝင်တဲ့အတွက် မျက်လုံးကိုပိုအားကောင်းစေပြီး မျက်လုံးကြွက်သားများ ထိခိုက်မှုကိုကာကွယ်ပေးပါတယ်။ နှလုံးကိုကျန်းမာ စေပါတယ်။ မုန်ညင်းဖြူမှာပါဝင်တဲ့ ကော်လာဂျင်ဟာ အရေပြားကျန်းမာဖို့အတွက် မရှိမဖြစ်တာမို့ မုန်ညင်းဖြူကိုစားပေးခြင်းဖြင့် အရေပြားကျန်းမာခြင်းကို အထောက်အကူပြုစေပါတယ်။ ရေဓာတ်ထိန်းထား မှုကိုလည်း အထောက်အကူပြုလိုနေပါတယ်။ ဒါပေမဲ့ အလွန်အကျွံစားပေးပါကလည်း သွိုင်းရွိုက်လုပ်ငန်း တွေ ကစဉ်ကလျာဖြစ်ကုန်မှာမို့ အတင့်အသင့်ပဲစားပေးပါနော်။ မုန်ညင်းဖြူကို ဒီအတိုင်းတော့ အစိမ်းမစား ဖို့တိုက်တွန်းချင်ပါတယ် ။ ကျက်အောင်ချက်ပြီင်္းမှ စားသုံးသင့်ပါတယ်ရှင့် ။အားလုံးပဲကျန်းမာကြပါစေ။

Source : ayethaemon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။