စိမ်းစားဥကို ဆောင်းရာသီမှာ စားရပါတယ်။ စားလိုက်ရင် ရင်ထဲအေးမြသွားတဲ့ စိမ်းစားဥဟာ ဟင်းသီးဟင်းရွက် ပင်အမျိုးအစားဖြစ်ပြီး အချို့ဒေသတွေမှာတော့ ပဲစိမ်းစားဥလို ခေါ်လည်းရှိပါတယ်။ရှမ်းပြည်နယ်ထွက် စိမ်းစားဥ ဟာအရွယ်အစားလည်း ပိုကြီးပါတယ်။ အရည်လည်းရွမ်းတဲ့အသီင်္းလည်းဖြစ်ပါတယ်။ အရသာချိုချိုလေးရှိတဲ့ စိမ်းစားဥကို အခွံနွာစားရုံပဲဖြစ်ပြီး တစ်ချို့သူတွေကတာ့ အစိမ်းကြော် ကြော်စားလည့်ရှိကြပါတယ်။ ရေဓာတ်ပေါ များစွာပါရှိတဲ့ စိမ်းစားဥမှာ ကစီဓာတ်၊ ပရိုတင်းဓာတ်၊ ဘသာဝအဆီဓာတ်၊ အမျှင်ဓတ်၊ ဖော်လိပ်၊ နီအာစင်၊ ရီဘိုဖလာဗင်၊ သီအာမင်၊ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ရီဘိုဖလာဗင်၊ ဗီတာမင်အီး၊ ဗီတာမင်ကေ၊ ဆိုဒီယမ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ ကော့ပါး၊သံဓာတ်၊ မီလီဂရမ်၊ မဂ္ဂနီစီယမ်၊ ဇင့်၊ ဘီတာကယ်ရိုတင်း၊သတ္တုဓာတ် စတဲ့ ဓာတ်ပေါင်းစုတွေပါဝင်ပြီး ဘေးဖြစ်စေတတ်တဲ့ ကိုလက်စထရောလုံးဝမတွေ့ရှိရပါဘူး။ ဘယ်လောက် တောင်အကျိုးရှိမလဲ စားကြည့်ပေါ့နော်။ ခန္ဓာကိုယ်အတွက် များစွာအကျိုးရှိတယ်ဆိုတာ ဖော်ပြပေးလိုက်တာပါ။

စိမ်းစားဥကို သင့်တင့်အောင်စားသုံးခြင်းဖြင့် ဆီးချိုရောဂါ၊ သွေးချိုရောဂါတွေကို ကာကွယ်ပေးရုံသာမက ခံတွင်း ကောင်းစေပါတယ်။ ဗီတာမင်စီ ပါရှိတဲ့အတွက်လည်း အအေးမ်ိ၊နှာစေး၊ ချောင်းဆိုးစတဲ့ ကူစက်ရောဂါလိုမျိုး တွေကို သက်သာစေပါတယ်။ ကလေးတွေအတွက်ပန်းနာရင်ကြပ်ရောဂါ ကိုသက်သာလာစေနိုင်ပါတယ်။ ကယ်လိုရီမပါရှိတဲ့အတွက် နှလုံးရောဂါ သွေးတိုးရောဂါတွေကို သက်သာစေနိုင်ပါတယ်။ ဆံချည်မျှင်လောက်ရှိ တဲ့ သွေးကြောလေးတွေကို လည်း ကျန်းမာသန်းစွမ်းစေပါတယ်။ စိမ်းစားဥစားပေးသူထက် မစားပေးသူက ခန္ဓာ ကိုယ်ခုခံအားကို မတွန်းလှန်းနိုင်ပါဘူး။စိမ်းစားဥစားပေးသူကသာ ကိုယ်ခံစွမ်းအားကို တို်းမြင့်စေကြောင့် လေ့ လာတွေ့ရှိခဲ့ကြပါတယ်။ စိမ်းစားဥစားပေးပါက သွားများသန့်စင်စေကြောင့် အစွန်းထင်းဖြစ်နိုင်တဲ့ မော်လီကျူး တွေကိုချေဖျက်ဖို့အထောက်အကူပေးပါတယ်။ကျန်းမာရေးကောင်းရုံသာမက အသားရည်အတွက်ပါ ကောင်းစွာ အကျိုးပြုစေနိုင်ပါတယ်။ မျက်နှာအသာရည် အတွက် စိမ်းစားဥကို ပါးပါးလှီးပြီး မျက်နှာမှာ နေရာအနှံ (၁၀) မိနစ်လောက်ကပ်ပေးပါ၊ အအေးဓာတ်ပယ် ပျောက်သွားတဲ့အခါ မျက်နှာမှ ခွာပြီး ရေစင်အောင်ဆေးချပေးပါ။ တစ်ပတ်ကို (၂) ကြိမ်လုပ်ပေးပါက မျက်နှာပေါ် ဆဲလ်အသေများကို ဖယ်ရှာပြီး ချွေးပေါက်ပွင့်စေကာအသား အရေကြည်လင်ရှင်းသန့်စေပါတယ်။

အထူးသတိထားရမှာကတော့ စိမ်းစားဥကို နို့၊ ချောကလက်၊ သပွတ်သီး၊ ရှောက်သီး တို့နှင့် တွဲမစားပါနဲု့နော်။ စိမ်းစားဥဟာရေခဲ ချောင်းနှင့်လည်းမတည့်ပါဘူး။ သက်ကြီးတွေအနေနဲ့ များများမစားသင့်ပါဘူး ။စိမ်းစားဥစား ရင် အခွံခွာပြီး ဒီအတိုင်းမစားပါနဲ့နော်။ ရေစင်အောင်ဆေးပြီးမှ စားသုံးသင့်ပါတယ်။စိမ်းစားဥ ဟာကိုယ်တွင်းက အပူတွေကို ငြိမ်းပေးပါတယ်။ ရေဓာတ်ကြွေဝအောင်လည်း ကူညီပေးသလို အသားရည်အတွက်ပါ ကောင်းကျိုး ပေးလို့မိတ်ဆွေများအားလုံး စိမ်းစားဥကို စားပေးဖို့မမေ့ပါနဲ့နော်။ အားလုံးပဲကျန်းမာရွေင်လန်း ကြပါစေ။

Source : pauk pauk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။