ချွေးပေါက်ကျယ်တာ တစ်ကယ်ကြည့်ရဆိုးပါတယ်။ ချွေးပေါက်ကျယ်နေရင် မျက်နှာရှင်းရှင်းလင်းလင်း မရှိဘဲ အဖုအထစ်တွေနဲ့ ကြည့်ရဆိုးပါတယ် ။ဘယ်လောက်ပဲမိတ်ကပ်အကောင်းစားတွေသုံးသုံး မျက်နှာက မညီညာတော့ပါဘူး။ ချွေးပေါက်ကျယ်တာကို ကျဉ်းအောင်လုပ်လို့ရသလို ကျဉ်းတာကို်လည်း ကျယ်အောင်လုပ်လို့ရပါတယ်နော်။ ခုခတ်မှာမျက်နှာအသားရေကို အမျိုးသား၊ အမျိုးသမီးတွေအားလုံး ဂရုစိုက်နေကြပါပြီး။ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးတွေဖြစ်ဖြစ် ချွေးပေါက်တွေ ကျယ်နေရင် တကယ်ကြည့်ရ ဆိုးစေပါတယ်။ ဒါကြောင့် ချွေးပေါက်တွေဘာကြောင့်ကျယ်နေရတာလဲ ဆိုတာကို ဖော်ပြပေးလိုက်ရပါ တယ်။ ယေဘုယျအားဖြင့် ချွေးပေါက်ကျယ်နေသူတွေကိုတော့ အဆီပြန်တဲ့အသားရေပိုင်ရှင် တွေဖြစ် တတ်ပါတယ်။ မျက်နှာ၊နဖူး၊ ပါးပြင်စတဲ့နေရာတွေမှာ ချွေးပေါက်ကျယ်နေတတ်ပါတယ်။တကယ်တော့ ချွေးပေါက်ဆိုတာ အရေပြားတွေအတွက် အသက်ရှုဖို့သဘာဝကဖန်တီးပေးထားတာ ဖြစ်ပါတယ်။အရေပြား အတွက် ဗီတာမင် ၊အစိုဓာတ်တွေကို စုပ်ယူခြင်းအလုပ်တွေလည်း ချွေးပေါက်လေးတွေကလုပ်ပေးပါတယ်။ အရေပြားချောမွေ့ အောင်၊ အဆီတွေထွက်လာအောင်လည်း ချွေးပေါက်လေးတွေက ဖန်တီးပေးပါတယ်။

လေ့ကျင့်ခန်းလုပ်လို့ပဲဖြစ်ဖြစ် ၊ခန္ဓာကို်ယ်လှုပ်ရှားမှုကြောင့် ချွေးတွေထွက်စေခြင်းက အရေပြားအတွက် မလိုလာအပ်တဲ့ အညစ်အကြေးတွေကို စွန့်ထုတ်ပေးနေတာဖြစ်လို့ ချွေးပေါက်လေးတွေရှိတာကိုလည်း ကျေးဇူးတင်နေရမှာပါ။ဒါပေမဲ့ လိုတာထက် ချွေးပေါက်လေးတွေပိုကျယ်နေရင်တော့ဖုန်တွေ အညစ်အကြေး တွေ လွယ်ကူစွာ ဝင်ရောက်နိုင်တဲ့အတွက် ဆားဝက်ခြံများ၊ ဝက်ခြံများဖြစ်ပေါ်စေပါတယ်။ ချွေးပေါက် ကျယ်ခြင်းဟာ မျိုးရိုးဗီဇ ကြောင်းလည်းဖြစ်နိုင်တယ်လိုဆိုပါတယ်။ ကို်ယ်မိဘတွေက အဆီပြန်တတ်တဲ့ အသားရည်ဆိုရင်တော့ ချွေးပေါက်ကျယ်နိုင်ပါသတဲ့။ ဒါပေမဲ့ အသားရေကို သေချာဂရုစိုက်လိုက်ရင်တော့ သက်သာစေနိုင်ပါတယ်။ နောက်တစ်ခုကတော့ ဘာအကာကွယ်မှမပါဘဲ နေရောင်ခြည်နဲ့ထိတွေ့မယ်ဆိုရင် လည်းချွေးပေါက်တွေ ကျယ်လာနိုင်တဲ့ ကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ နေရောင်ခြည်ထိတွေ့လာတာနဲ့ အမျှချွေးပေါက်တွေ သေးငယ်ကာတင်းတင်းရင်းရင်းရှိနေအောင်လုပ်ပေးတဲ့ ကော်လလ်ဂျင် ဟာပျက်စီးပြီး ချွေးပေါက်တွေကျယ်လာပါတော့တယ်။ချွေးပေါက်ကျယ်ခြင်းရဲ့နောက်တစ်ခုကတော့ မိတ်ကပ်တွေကို သေချာမဖျက်ဘဲ ညအိပ်လိုက်ခြင်းက အမှားတစ်ခုပြုလုပ်ခြင်းပဲဖြစ်ပါတယ်။လုံးဝမမေ့ပါနဲ့ ညအိပ်ရာဝင်ခါ နီးတိုင်း မျက်နှာက်ို စင်ကြယ်စွာသစ်ပေးပါ။

လူပျိုအပျိုဖော်ဝင်စမှာလည်း ဝက်ခြံတွေထွက်လာပြီး ချွေးပေါက်တွေလည်းကျယ်လာတတ်ပါတယ်။ ဟော်မုန်းပြောင်းလဲတာကြောင့် မျက်နှာပြင် အဆီတွေထွက်လာတတ်ပြီး အဆီတွေစွန့်ထုတ်ဖို့ ချွေးပေါက် တွေအလိုလိုကျယ်လာရပါတယ်။ ဒါကြောင့် သေချာသန့်စင်ပေးဖို့လိုအပ်ပါတယ်။ အသက်အရွယ်အိုမင်း လာခြင်းကြောင့်လည်း ကော်လာဂျင်ထုတ်လွတ်မှုတွေကျဆင်းကာ အသားရေတင်းရင်မှုမရှိတော့တဲ့ အတွက် ချွေးပေါက်တွေကျယ်လာရခြင်းပါ။ ရေဓာတ်ခမ်းခြောက်တဲ့အခါလည်း ချွေးပေါက်တွေကျယ်လာ နိုင်ပါတယ်နေုာ်။ နောက်တစ်ခုက ဆေးလိပ်သောက်ခြင်းကလည်း အရေပြားသွေးတွေ သွားလာမှုနည်း သွားတဲ့အတွက် အရေပြားကျုံဆန့်နိုင်တဲ့ သတ္တိတွေကျဆင်းပြီး ချွေးပေါက်ကျယ်လာခြငး်ပါ။ ဒါကြောင့် ဆေးလိပ်ကို တတ်နိုင်သမျှရှောင်ဖို့ ကိုက်ုိတွေကို မှာပါရစေရှင့်။ကဲဒီလောက်ဆိုရင်တော့ ချွေးပေါက်တွေ ဘာကြောင့်ကျယ်ရတယ်ဆိုတာသိလောက်ပြီးမို့ အားလုံးအတွက် ကျန်းမာလှပတဲ့ မျက်နှာလေးတွေပိုင် ဆိုင်နိုင်ကြပါစေ။

Source : ရင်နှင်းငယ်
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။