သခွားမွှေးသီးကို မြန်မာနိုင်ငံနေရာအနှံမှာတွေ့ရှိနိုင်ပါတယ်။ သခွားမွှေးသီး ဟာဗီတာမင် A များစွာ ပါဝင်ပါတယ်။သခွားမွှေးသီးဟာ ဗီတာမင်အေ များလွန်းတာကြောင့် အလွန်အကြူတော့မစားသင့် ပါဘူး။ အသားအရေအတွက် အသုံးဝင်တဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။ဝက်ခြံ ၊အရေးအကြောင်းတွေကို သက်သာ စေနိုင်ပါတယ်။ သခွားမွှေးသီးကို တစ်ခွက်လောက်စာရုံးဖြင့် ဗီတာမင် အေဓာတ်ကို ၁၀၀ ရာခိုင်နှုန်း ရရှိ စေနိုင်ပါတယ်။အမြင်အာရုံကောင်းစေဖို့ ဗီတာမင်အေဓာတ်လိုအပ်တာကြောင့် သခွားမွှေးသီးဟာ မျက်လုံး အတွက် အလွန်ကောင်းမွန်တဲ့ ဆေးတစ်ခွက်ဖြစ်ပါတယ်။သခွားမွှေးသီးမှာ ဗီတာမင်စီ လည်းပါဝင်တဲ့အ တွက်ကလေးတွေရဲ့ ကို်ယ်ခံစွမ်းအားကို အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ပါတယ်။ ကလေးတွေ ကိုယ်ခံအား နည်းနေသူတွေအတွက် သခွားမွှေးသီးက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဗီတာမင်စီ ပါဝင်တဲ့အတွက် သွားနဲ့ သွားဖုံးရောဂါကိုပါကာကွယ်ပေးနိုင်ပါတယ်။ သွားအတွင်း သွေးထွက်တာ သွားဖုံးပြည်တည်နာအတွက် သခွားမွှေးသီးကိုစားပေးခြင်းအားဖြင့် သွားလှလေးတွေပို်င်ဆိုင်စေမှာဖြစ်ပါတယ်။

သခွားမွှေးသီးက သွေးအားနည်းရောဂါကို်လည်း ကာကွယ်ပေးပါတယ်။ ဖောလိတ်ဓာတ် ၊ဗီတာမင် ဘီ12 ချို့တဲ့တဲ့အတွက် ကြောင်းသွေးအားနည်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဖောလိတ်ဓာတ်ဟာ သွေးနီဥတွေကို ပိုမိုများပြာခြင်းဖြစ်ပေါ်စေတဲ့အတွက် သခွားမွှေးသီးစားပေးခြင်းက ထိထိရောက်ရောက်ကာကွယ်ပေးပါ တယ်။သခွားမွှေးသီးမှာ ဗီတာမင် K၊ဗီတာမင် B6 ၊နိုင်ယာစင် ၊အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်၊ သို်င်ယာမင်းဓာတ် တို့ပါဝင်နေပါတယ်။ သခွားမွှေးသီးမှာပါတဲ့ ဗီတာမင်စီဟာ ကော်လာဂျင် များစေပြီး အရေပြား အမာရွတ် တစ်သျှူး များကို အားကောင်းစေနိုင်ပါတယ်။အနာကျက်ခြင်းကိုလည်း မြန်စေနိုင်ပါတယ်။သခွားမွှေးသီး မှာရေဓာတ်ပါဝင်တဲ့အတွက် ခန္ဓာကိုယ်အတွင်းမကောင်းတဲ့ ဘက်တီးရီးယားတွေကို ဖယ်ထုတ်နိုင်စေပါ တယ်။ဆီးထဲမှာပါဝင်တဲ့ အက်စစ်အဆင့်ကိုလည်း တိုးစေပြီး ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကာကွယ်ပေး ပါတယ်။သခွားမွှေးသီးမှာ ပါဝင်တဲ့ ပိုတက်စီယမ် ဟာငှက်ပျောသီးမှာပါဝင်တဲ့ ဓာတ်နီးပါးရှိတဲ့အတွက် ခန္ဓာ ကို်ယ်အတွင်းက ဆိုိဒီယမ်ဓာတ်တွေကို လျော့ကျစေပြီး သွေးတိုးကိုလည်း လျော့ကျစေနိုင်ပါတယ်။

ကြွက်သားနဲ့နာ့ဗ်ကြောတွေကို အားကောင်းစေတဲ့ ပိုတက်စီယမ်ပါဝင်တဲ့အတွက် သခွားမွှေးသီးဟာ အမြဲစားသုံးသင့်တဲ့ သီးနှံဖြစ်ပါတယ်။ သခွားမွှေးးသီးကို စားပေးခြင်းက ခြေထောက်ကြွက်တက်ခြင်းကို ကာကွယ်ပေးပါတယ်။ဖောလစ်အက်စစ်များစွာပါဝင်တဲ့အတွက် မိခင်လောင်းတွေအတွက် မွေးလာတဲ့ ကလေးတွေမှာဖြစ်တတ်တဲ့ နာ့ဗ်ကြောစနစ်ကောင်းမွန်အောင်ပြုပြင်ပေးပါတယ်။ကလေးရဖို့ကြိုးစားနေတဲ့ ဇနီးမောင်နှံတွေအနေနဲ့ စားပေးသင့်ပါတယ်။ ဒါကြောင့်မိတ်ဆွေတို့ အနေဖြင့် သခွားမွှေးသီးကို ဆေးလိုအစာလိုမှီဝဲနိုင်ပါတယ်။ ကဲဒီလောက်ဆို သခွားမွှေးသီး အသုံးဝင်တဲ့အကြောင်း ကျန်းမာရေး အတွက်များစွားအကျိုးကျေးဇူးရှိကြောင်းကို ရေးသားတင်ပြလိုက်ရပါတယ်နော်။ အားလုံးကျန်းမာတဲ့ ဘဝတစ်ခုကို ပိုင်ဆို်င်နိုင်ကြပါစေ။

Source : Good Health 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။