မိ်န်းကလေးတစ်ယောက်ဖြစ်လာပြီးဆိုရင် ရာသီဓမ္မတာကိစ္စက အရမ်းအရေကြီးတဲ့ နေရာကနေပါဝင်နေပါတယ်။ ဓမ္မတာမလာတာ လတွေများလာရင် အသက်အန္တရယ်ရှိလာနိုင်ပါတယ်။ မိန်းကလေးတွေအတွက် ဓမ္မတာမှန်ခြင်း ကအသားရည်ကို ဝင်းပစိုပြည်စေပါတယ်။ကျန်းမာရေးကောင်းပြီး လူမှုဆက်ဆံရေးလည်း ကောင်းမွန်စေပါတယ်။ ခုခေတ်မှာ မိန်းကလေးတွေ အပြောများနေတဲ့ ဓမ္မာလာစဉ်ခေါင်းလျော်လို့ရလား ဆိုတာပါပဲ။နောက်တစ်ခုက လက်ဖက်မစားရ ကော်ဖီမသောက်ရ ရာသီထိမ်စေမဲ့ အစားအစာတွေမစားရ အမျိုးမျိုးပါပဲ။ တကယ်ရောဟုတ်လို့ လားမေးစရာ ရှိလာပြန်ပါတယ်။မိန်းကလေးတွေအများစု သိထားရမှာက ဆေးပညာအရ မိန်းကလေးတွေ ဓမ္မတာလာစဉ် ခေါင်းမလျော်ရဘူးလို့မပြောထားခြင်းပါပဲ။ မိန်းကလေးတွေက တစ်ကိုယ်ရည်သန့်ရှင်းရေးကိုပို ဂရုစိုက်သင့်ပါတယ်။ နွေးနွေးထွေးထွေးနေပေးရင်ရပါတယ်။ ရေချိုးပြီးရင် မြန်မြန်ခြောက်အောင်လုပ်ပြီး နေပေးပါ။ ခေါင်းလျော်လိုက်လို့ လက်ဖက်စားလိုက်လို့ ဓမ္မတာထိမ််သွားခြင်းဆိုတာ မဆိုင်ပါဘူးနော်။

ဓမ္မတာထိမ်နေလို့ ဟိုဆေးဒီဆေးလျောက်မစားမိဖို့ကိုလည်း သတိပေးချင်ပါတယ်။ မိန်းကလေးတွေအတွက် အစား အသောက်ကိုလည်ဂရုပြုစားစေချင်ပါတယ်။ သံဓာတ်ပမာဏလည်း ပြည့်ဝအောင်ဂရုစိုက်ပေးရပါမယ်။ တိုင်းရင်း ဆေးတွေအရ ချင်းနဲ့ထမ်းလျက်ရောပြီး ကျိုးချက်သောက်နိုင်ပါတယ်။ သွေးသန့်ဆေးတွေသောက်စရာ မလိုပါဘူး။ ခန္ဓာကိုယ်မှာရှိတဲ့သွေးက သန့်ြ့ပီးသားပါ။ ဓမ္မတာမလာခင် ဒိန်ချဉ်သောက်ပေးခြင်းကလည်း သားအိမ်ကို ကောင်းစွာ အလုပ်လုပ်ပေးနိုင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ဓမ္မတာမလာခင် ခေါင်းကိုက်ခြင်း၊စိတ်မှုပြောင်းခြင်း၊စိတ်တိုခြင်း၊ တွေဖြစ်တတ်ပါတယ်။ ဓမ္မတာလာတယ်ဆိုတာ တစ်ခြားမဟုတ်ပါဘူး။ ကလေးရဖို့အတွက် သဘာဝကဖန်ဆင်း ပေးထားတာပါ။ အမျိုးသားသုတ်ကောင်တွေနဲ့ အမျိုးသမီးမမျိုးဥတို့ပေါင်းဆုံစဉ် သန္ဓာသားလောင်းအဖြစ်ရောက် ရှိလာခြင်းဖြစ်ပါတယ်။ သားအိမ်ကတော့ ကလေးလာဖို့ပြင်ဆင်ပေးထားတာပါ။ကလေးမရခဲ့ရင်တော့ သဘာဝ အရသွေးအဖြစ်ဆင်းပေးပြီး အဲဒါကို ဓမ္မတာလာခြင်းလို့ခေါ်ကြခြင်းဖြစ်ပါတယ်။

နောက်ပြီး ဓမ္မတာပေါ်ဆေးထိုးတာရှိပါတယ်။ သုံးလခံထိုးဆေးပါ ။ကိုယ်ဝန်ရှိနေတာမဟုတ်ဘဲ ဓမ္မတာထိမ်လို့ ထိုးရ ခြင်းဖြစ်ပါတယ်။ အဲဆေးထိုးလိုက်ရင် ဓမ္မတာပြန်ပေါ်စေပါတယ်။ သတိထားရမှာကတော့ ကိုယ်ဝန်ရှိရင်တော့ ဆေးဘယ်လောက်ထိုးထိုးလုံးဝ ပြန်မပေါ်တတ်ပါဘူး။ မိန်းကလေးတွေအနေနဲ့ သွားသတိလာသတိ စားသတိ ထားကြဖို့အရေးကြီးပါတယ်နော်။ တရားထိုင်ခြင်းကလည်း သွေးလည်ပတ်မှု့ကောင်းစေပါတယ်။ ခြေထောက်ကို နွေးနွေးထွေးထွေးထားပေးပါ။ မိန်းကလေးတွေအနေနဲ့ တစ်ဦးနဲ့တစ်ဦး သွေးသားအပြောင်းလဲကမတူညီနို်င်ပါဘူး။ ဒါကြောင့် တစ်ချို့က လက်ဖက်စားလိုက်လို့ထိမ်သွားပေမဲ့ တစ်ချို့ကတော့ဘာမှမဖြစ်ကြပါဘူး။ မိမိကိုယ်ကို ဂရု စိုက်ပါနော်။သွေးသားကောင်းမှ အသားရည်စိုပြည်မှာမို့ အနေအထိုင်အစားသောက်ကိုလည်း ဂရုစိုက်စေချင်ပါတယ် ကျန်းမာရွင်လန်းကြပါစေ။

Source : ကြေးမုံ
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။