ယနေ့ခေတ်မှာ ကျန်းမာရေးအရကော Life Style အတွက်ပါ အမျိုးသားရော အမျိုးသမီး တွေပါ အထူးဂရု စိုက်လာကြပါတယ်။ လေ့လာတွေ့ရှိချက်အရ အမျိုးသား (၄၇) ရာခိုင်နှုန်း ဟာမျက်မှောင်ကြုတ်လေ့ရှိပါတယ်၊ အဲလိုမျက်မှောင်ကြုတ်ခြင်းက ပိုရင့်ရော်စေပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ မျက်မှောင်မကြုတ် မိအောင်သတိ ထားစေချင်ပါတယ်။ အမျိုးသားတွေအနေနဲ့ အသက် (၂၀)အရွယ်မှာ နှစ်ပတ်ကြာတို်င်း အပေါ်ယံလွှာကွာ ကျလေ့ရှိပါတယ်၊ အသက် (၅၀)အရွယ်မှာတော့ နှစ်ဆလောက်ကြာပါတယ်၊ အရေပြားဟာ ကော်လာဂျင် ဓာတ်ဆုံးရှုံးဖြစ်ပြီး အရေးကြောင်း ၊အထူးသဖြင့် မျက်ဝန်းတစ်ဝိုက်မှာ ဖြစ်ပေါ်လာပါတယ်။ မျက်နှာမှာပေါ်လာတဲ့ အရေးကြောင်းဟာ လူကိုထင်ထားတာထက် ပိုမိုအိုမင်းစေပါတယ်။ ဒါကြောင့် အစိုဓာတ် ထိန်းပေးတဲ့ ခရင်မ်တစ်ခုခုလိမ်းပေးထားပါနော်။ အမျိုးသားတွေဟာ မျက်နှာပေါ်က အမွေးပုံမှန်ရိတ်ပေးပါက ကော်လဂျင်ဓာတ်လှုံ့ ဆော်မှု့ကြောင်း အသားအရေ ချောမွေ့စေပါတယ်နော်။

အမျိုးသားအမျိုးသမီးအနေနဲ့ ဆံပင်ကအရေကြီးတဲ့ အခန်းကပါဝင်လို့နေပါတယ်။ ဆံပင်ကို အမြဲဂရုစိုက်ပေး ပါ။ ကိုယ်မျက်နှာနဲ့ လိုက်ဖက်တဲ့ပုံစံကို ဆံသဆရာနဲ့ တိုင်ပင်ညပ်တာက ပိုစတိုင်ကျစေပါတယ်။ ဆံပင်တိုတို လေးနဲ့ အမြဲသန့်ပြန့်နေတဲ့ အမျိုးသားက ပိုဆွဲဆောင်နိုင်ပါတယ်။ အိပ်ရေးပျက်တာကြာလာရင် အမျိုးသား ရော အမျိုးသမီးပါ မျက်နှာက ရင့်ရော်လာပါတယ်နော်။အမျိုးသားတွေအနေနဲ့ အိပ်ရာမဝင်ခင် ကာဗိုဟိုက်ဒရိတ် များများစားတာဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ အစာကိုအဝကြီးမစားဘဲ နည်းနည်းချင်စီစားခြင်းက လည်းကိုယ်တွင်းရောင်းရမ်းမှုကို လျော့ကျစေပြီး အသက်ကြီးလာတဲ့အခါ တွေးခေါ်မှုတွေမြင့်မားနေတာကို ခံစားရပါလိမ့်မယ်။ အမျိုးသားတွေအနေဲ့ အူလှိုက်သည်းလှိုက် ရယ်ဖို့ခက်ခဲကြပါလိမ့်မယ်။ ဒါကြောင့်စိတ်ဖိစီးမှု များနေချိန်မှာတော့ ရယ်မောစရာနည်းတွေရှာပြီး နုပျိုမှု့ကိုရယူလိုက်ပါနော်။ ရယ်မောခြင်းက နှလုံးကိုလည်း ကျန်းမာစေပါတယ်။

အမျိုးသားတွေအနေနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းကလည်း ကျန်းမာပျော်ရွင်တဲ့ဘဝကို ခံစားရမှာပါ။ အသက်ကြီး လာပြီး သွေးခဲဖတ်လေးတွေ ပိတ်ဆို့တတ်ပါတယ်။ အသက်(၄၅) အရွယ်မှာ အမျိုးသားစွမ်းဆောင်ရည် ကျဆင်းတတ်ကြပါတယ်။ လေ့ကျင့်ခန်းပုံမှန် လုပ်ခြင်းကလည်း အမျိုးသားစွမ်းဆောင်ရည်ကို အံမခန်းတို်းတက် စေပါတယ်။ အမျိုးသားတွေဟာ တစ်နေ့ကို အယ်လ်ကိုဟော နှစ်ပတ်ထက်ပို မသောက်ပါနဲ့နော်။ မသောက်ရင် တော့အကောင်းဆုံးပေါ့။ ဝိုင်နီကလည်း သွေးလည်ပတ်မှုကို ကောင်းစွာအထောက်ကူပြုစေပါတယ်။ အမျိုးသားတွေအနေနဲ့ နံနက်စာကို ပရိုတင်းများများ နေ့လယ်စာနှင့်ညစာကို လျှော့စားပေးပါ ။အဲလိုစားခြင်းက ဝမ်းဗိုက်ကို ချပ်ရပ်စေပါတယ်။ဟင်းနှုနယ်စားခြင်းကလည်း ဗီတာမင်ကေ၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်တွေ ပါဝင်မှု့ကြောင့် အရိုးပါးရောဂါကိုလည်း မဖြစ်အောင်ကာကွယ်ပေးပါတယ်။ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ တို့ကို ပုံမှန်လုပ်ပေးသင့်ပါတယ်။ အမျိုးသားတွေအားလုံး ကျန်းမာပျော်ရွင်တဲ့ ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။

Source: ကျန်းမာရေးဗဟုသုတ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။