တပင်တိုင်မြနန်း အရွက်၊ပင်စည်နှင့် ဥများကို စားဆေးအဖြစ်အသုံးပြုနိုင်သလို လိမ်းဆေးအဖြစ်လည်း အသုံးပြုနိုင်တယ်လို့သိရပါတယ်။တပင်တိုင်မြနန်းအပင်ဟာတော့ အဖြူ-အနီ-အနက်ရောင် ဆိုပြီး အမျိုးအစားစုံလင်စွာရှိတယ်လို့လည်းသိရပါတယ်။အမြစ်ဥတွေကမြစ်ပွားနာအပါအဝင် အဖု၊ အကျိတ်၊ အနာများ အား သွေးလိမ်းရုံဖြင့်ပျောက်ကင်းစေပါတယ်။(သို့မဟုတ်) အဖု၊ အကျိတ်၊ အနာများပေါ်တွင် အရွက်ကိုအစိမ်းလိုက်ချေ၍ အုံကပ်ထား ခြင်းဖြင့်လည်း သက်သာပျောက်ကင်း စေပါတယ်လို့သိရပါတယ်။

မြစ်ေအာက်မြစ်လျှောက် ပင်စည်ပွားဖြစ်တာကြောင့် ကင်ဆာကဲ့သို့အမြစ်တွယ်သောရောဂါများကို နိုင်ပါတယ်။ တပင်တိုင်မြနန်းပင် အနီ နှင့်အနက်ရောင်များက ပိုမိုအာနိသင်ထက်မြက်ပြီး ကင်ဆာအကြိတ်ဖြစ်ခါစ(ကင်ဆာမပွင့်ခင်)ရင်သား၊ သားအိမ်၊ အဆုတ်၊ ဆီး အိမ်ကင်ဆာ အမျိုးမျိုးတို့ကို ထိထိရောက်ရောက်ပျောက်ကင်းစေနိုင်ပါတယ်။ အရေပြားကင်ဆာ အဆင့်(၄)ကိုပင် ပျောက်ကင်းစေခဲ့ ကြောင်းသာဓကများ ရှိကြပါတယ်။ 

မြန်မာ့တိုင်းရင်းဆေးနည်းကုထုံးဖြင့် အမျိုးသမီးရောဂါသားအိမ်ကင်ဆာရောဂါများအတွက် တပင်တိုင်မြနန်းဥကို သွေး၍ ရေအေးဖြင့်သောက်ခြင်း၊တပင်တိုင်မြနန်းအမြစ်ဥကို ဆန်ဆေးရည်ဖြင့်သွေး၍ ဆီးခုံပေါ်လိမ်းပေးခြင်းဖြင့်ကုသခဲ့ရာ ရောဂါများပျောက် ကင်းသွားပြီး အသက်ချမ်းသာရာရတဲ့တယ်လို့လည်းသိရပါတယ်။

ဝက်ခြံ၊ မီးလောင်နာ၊ အဆီကျိတ်၊ ရိုးရိုးအဖုအကျိတ်များ၊ အတွင်း/အပြင်လိပ်ခေါင်း၊ ဂရင်ဂျီနာ၊ ရင်သားအကျိတ်၊ လည်ပင်းအ ကျိတ်၊ ကိုယ်ခန္ဓာအနှံ့အပြားတွင် ပေါက်တတ်သော အကျိတ်အဖု၊ အနာစို၊ အနာဆွေး၊ မြုံနေသော အနာများ(အားလုံး)အတွက် တပင် တိုင်မြနန်းပင် အမြစ်ဥကို ရေစင်စင်ဆေး၍ ဆန်ဆေးရည်ဖြင့်သွေးလိမ်းအုံပေးခြင်းဖြင့် အမြန်ဆုံးပျောက်ကင်းစေပါတယ် (သို့မဟုတ်) အမြစ်ဥကိုရေအေးနှင့် သွေး၍လည်း သောက်နိုင်ပါတယ်လို့ရေးသားဖော်ပြထားပါတယ်။ကျန်းမာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ............ကျေးဇူးတင်ပါတယ်။

သတင်းအရင်းအမြစ်-ကျန်းမာရေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။