အညာသူ အညာသား မှန်ရင် ထန်းသီးဆံ ကို သရေစာလို ပျော်ပျော်ကြီး စားဖူးပါလိမ့်မယ်...
အညာမှာတော့ ထန်းသီးဆံနုနုလေးတွေကို တချို့က မန်းကျည်းရွက်၊ ငရုတ်သီးစိမ်းလေးနဲ့ ရောပြီး ထန်းသီးဟင်းချက် စားကြတယ်။
ကျနော ကတော့ ထန်းသီးပေါ်ချိန် ဆိုရင် လတ်လတ်ဆတ်ဆတ် ထန်းသီးဆံ မနုမရင့်လေးတွေကို စျေးကဝယ်၊ ရေပြောင်အောင်ဆေး၊ ဓားနဲ့ အခွံသင်၊ သကြားလေးနဲနဲ ဖြူး၊ ရေခဲသေတ္တာထဲ ခဏသိပ်ပြီး စားရတာ အရမ်းသဘောကျတယ်။
တချို့ကလည်း သကြားမဖြူးတဲ့ အချိုဓာတ်လေး နဲ့ သဘာဝ အေးနေတာလေး အတိုင်း သရေစာလို စားကြတယ်။တချို့လည်း ထန်းလျက် နဲ့ စားကြတယ်။
ငယ်ငယ်တုန်းကတော့ ထန်းသီးဆံနုနုလေးဆို လက်မ လေးနဲ့ ကော်ကော်ပြီး စားခဲ့တာကို သတိရမိတယ်..
ပင်ကိုယ် အေးနေတဲ့ သဘာဝ ရှိတာကြောင့် #ထန်းသီးဆံ ကို Sugar Palm fruit လို့ခေါ်တာထက် Ice Apple လို့ ခေါ်တာများတယ်..
အထိအတွေ့က Jelly လိုနဲ့ အုန်းသီး နဲ့ ခပ်ဆင်ဆင် အရသာရိတယ်လို့ ပြောလို့ရပေမဲ့ ထန်းသီးဆံ အရသာက ဘာနဲ့မှမတူဘဲ တမူထူးခြားနေတယ်။ စားဖူးသူတိုင်းသိကြမှာပါဗျာ..

စားကောင်းရုံတင် ဘယ်ကမလဲ..သူ့မှာ
*ရေဓာတ်
*သတ္ထုဓာတ်တွေ နဲ့ သကြားဓာတ်
*Vitamin A,B,C နဲ့ Potassium များစွာပါဝင်တယ်
*Carbohydrates, Protein, Fiber အမျှင် ဓာတ်တွေ အပြင်
*သံ ဓာတ်၊ မီးစုန်းဓာတ်၊ ထုံးဓာတ် တွေလည်းပါဝင်တယ်။
ဒါ့ကြောင့်
#အလေးချိန်လျှော့ချချင်သူတွေ စားသင့်တဲ့ သရေစာပါ (ကယ်လိုရီ ပါဝင်မှု နည်းပြီး ရေဓာတ်တွေ အများကြီးပါတယ်)
Phytochemical ဖြစ်တဲ့ Anthocyanin ပါရှိလို့ #ရင်သားကင်ဆာ မှာ အကြိတ်အဖုတွေမကြီးထွားနိုင်အောင် တားမြစ်ပေးတယ်။
ထန်းသီးဆံ ရဲ့ သဘာဝ အအေးဓာတ် ကြောင့် #ရေကျောက် ပေါက်တဲ့ အခါဓာတ်စာ အနေနဲ့ စားခိုင်းကြတယ်။အလားတူ ရေဓာတ်များစွာ ပါဝင်လို့ နွေရာသီမှာ ပေါက်တတ်တဲ့ #မိတ် နဲ့ #Heat Stroke တွေမဖြစ်အောင်လည်း လုပ်ပေးတယ်။
#ဝက်ခြံ ပေါက်ခြင်း၊ #အနာမီးအနာစက် တွေကိုလည်း ပျောက်စေတယ်။
နောက်ပြီး #ကိုယ်ဝန်ဆောင် တွေ စားသုံးသင့်တဲ့ အရာပါ။ထန်းသီးဆံဟာ ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပေါ်တတ်တဲ့ acid ဓာတ်မညီမျှမှု ပြဿနာတွေ၊ ဝမ်းချုပ်ခြင်းတွေ ကို ကင်းဝေးစေတယ်။

#ဝမ်းချုပ်တတ်သူ တွေအနေနဲ့ မနက်ခင်း ဘာမှမစားခင် ထန်းသီးဆံ စားပေးခြင်းဖြင့် ဝမ်းမှန်စေတယ်။
ထန်းသီးဆံဟာ #အစာကြေစေ ပြီး အစာအိမ် နဲ့ ပက်သတ်တဲ့ ဝေဒနာတွေကို သက်သာစေတယ်။
*ရေဓာတ် ၊ *သကြားဓာတ် နဲ့ သတ္ထုဓာတ်တွေ ကြောင့် #ပင်ပန်းနွမ်းနယ်ခြင်း တွေ၊ #ရေဓာတ်ဆုံးရှုံးခြင်း တွေ အပြင် #အားဆေး အနေနဲ့ လည်း ဆောင်ရွက်ပေးတယ်။
နောက်ပြီး *ပိုတက်ဆီယမ်ပါဝင်မှုကြောင့် #အသည်း နဲ့ #သရက်ရွက် မှာ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အစွမ်းရှိသေးတယ်။
ထန်းသီးဆံစားပြီးရင် ရင်တခုလုံး အေးမြသွားပြီး အားအင်ပြည့်ဝ လန်းဆန်းလာတယ်ဆိုတာ လက်တွေ့ပါပဲ။
တကယ်လို့ မူးမောပြီး #ပျို့ နေတာမျိုးခံစားရတဲ့အခါ ရှောက်၊သံပုရာတွေ နဲ့ မပျောက်ရင် ထန်းသီးဆံ ကို စားကြည့်ပါ။
စာဖတ်သူမိတ်ဆွေ လည်း ထန်းသီးချိုင်ချိန် ဆိုရင် စျေးထဲက ဆေးဖက်ဝင်ပြီး လတ်ဆတ် အေးမြတဲ့ ထန်းသီးဆံလေးတွေ ကို ပေါပေါများများ ဝယ်စားကြပါလို့ တိုက်တွန်းရင်း...

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။