တောင်ကိုရီးယားမင်းသမီး Song Hye Kyo ဟာဆိုရင် မကြာသေးမီက အသက် ၁၆ နှစ်ပိုပြီး ငယ်တဲ့ အဆိုတော် ကောင်လေးနဲ့ တွဲနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိလာခဲ့ပြန်ပါတယ်။

Song Hye Kyo နဲ့ တွဲနေတယ်လို့ သတင်းတွေ ထွက်နေတဲ့ အဆိုတော်ကောင်လေးက အခြားသူ မဟုတ်ဘဲ Cha Eun Woo ဖြစ်နေတာကြောင့်လည်း ပရိသတ်တွေကြားမှာ မကျေနပ်ချက်တွေ ပိုပြီး များနေခဲ့ပါတယ်။ အဆိုပါ သတင်းက Sports Khan ဘက်ကနေ ထွက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ Sports Khan ဘက်ကလည်း ပြန်လည် ငြင်းဆန်ထားပါတယ်။ အခြား တောင်ကိုရီးယားသတင်းဌာနတွေ တော်တော်များများကလည်း ကောလာဟလနဲ့ ပတ်သက်ပြီး ရှင်းပြထားတာတွေ ရှိပါတယ်။

ထွက်ရှိလာတဲ့ သတင်းတွေအရ Song Hye Kyo နဲ့ အသက် ၁၆ နှစ်ပိုပြီးငယ်တဲ့ အဆိုတော် ကောင်လေး Cha Eun Woo တို့ တွဲနေကြတဲ့အကြောင်းကို ဝန်ထမ်းတွေ အားလုံးကပါ သိနေကြပြီဖြစ်ကြောင်း ၊ သူတို့ နှစ်ဦးက အချိန် ၂ နာရီ ကြာတဲ့အထိ ကားအတူတူ ပတ်မောင်းရင်း အချိန် ကုန်ဆုံးဖူးကြကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

အခုသတင်းက Song Hye Kyo ရဲ့ ခင်ပွန်းဟောင်းဖြစ်တဲ့ မင်းသား Song Joong Ki ရည်းစားအသစ်ရတဲ့ သတင်းထွက်ပြီးနောက်မှာ ဖြစ်ပေါ်လာတဲ့ ကောလာဟလဖြစ်ပြီး သတင်းမှန်ကန်ကြောင်းကို ဘယ်သူမှ အတည် မပြုပေးနိုင်ပါဘူး။ ဒါ့ အပြင် Cha Eun Woo က သူ့ကြိုက်တဲ့ကောင်မလေး ပုံစံကိုလည်း တစ်ခါမှ ထုတ်ဖော်ပြောကြားထားခြင်း မရှိတာကြောင့် Song Hye Kyo နဲ့ သတင်းက မဖြစ်နိုင်ဘူးလို့ ယူဆထားကြပါတယ်။


အဆိုတော်လေး Cha Eun Woo က ၁၉၉၇ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ Astro ရဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ် ပွဲဦးထွက်လာခဲ့တာဖြစ်ပါတယ်။
Source - Lovekpop
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။