တောင်ကိုရီးယားမင်းသမီး Song Hye Kyo အဓိကပါဝင်ရိုက်ကူးသရုပ်ဆောင်ထားတဲ့ 'The Glory' ဟာဆိုရင် လက်ရှိမှာ အောင်မြင်မှုတွေ တဟုန်ထိုးရရှိခဲ့တဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။ တောင်ကိုရီးယားမင်းသမီး Song Hye Kyo ရဲ့ အောင်မြင်မှုတွေက အရာရာ ကောင်းမွန်ခြင်းတွေကို ဆောင်ကျဉ်းလာနိုင်ပေမယ့် ထုတ်လုပ်ရေး ကုမ္ပဏီအတွက်တော့ မဖြစ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

Song Hye Kyo ရဲ့ 'The Glory' က အဘက်ဘက်က အောင်မြင်မှုတွေ ရရှိနေပေမယ့်လည်း ကုမ္ပဏီရဲ့ စတော့ ရှယ်ရာဈေး ကတော့ တဟုန်ထိုး ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၂ ရက်နေ့မှာ 'The Glory' ရဲ့ စတော့ဈေးကွက်က Netflix မှာ #6 worldwide အထိ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပမယ့်လည်း စတော့ရှယ်ရာဈေးကတော့ ၃ ရက်တည်းနဲ့ ကြောက်ခမန်းလိလိ ပြုတ်ကျခဲ့တယ်လို့ သိရပါတယ်။ စစ်ဆေးမှုတွေအရ ဈေးကွက်အနေအထား အခုလို ပြုတ်ကျခဲ့ရတဲ့အကြောင်းက တရုတ်နိုင်ငံက တောင်ကိုရီးယားဇာတ်လမ်းတွဲတွေကို ပြင်းပြင်းထန်ထန် ban နေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။


မကြာသေးမီက တရုတ်ပြည်ဘက်က ကိုရီးယားဇာတ်လမ်းတွဲတွေကို တားမြစ်ပိတ်ပင်တာကို လျော့ချမယ်ဆိုတဲ့သတင်းထွက်လာတာကြောင့် Studio Dragon ရဲ့ စတော့ရှယ်ရာဈေးက ၁၀ ရာခိုင်မှုန်း တက်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း တရုတ်ပြည်ဘက်က လက်ရှိအချိန်အထိ ဖြေလျော့ မပေးသေးတာကြောင့် သိကျွမ်းနားလည်တဲ့ ရင်းနှီးမြုပ်နှံသူတစ်ဦးက တရုတ်နိုင်ငံက ကိုးရီးယား အကြောင်းအရာကို ထုတ်လွှင့်တာ မတွေ့မချင်း ပိတ်ပင်မှုက အသက်ဝင်နေဆဲပဲလို့ ယူဆရမှာလို့ ဆိုပါတယ်။

Song Hye Kyo ရဲ့ 'The Glory' က Netflix ရဲ့ တီဗီရှိုး အမျိုးအစားထဲမှာ ကမ္ဘာတစ်ဝှမ်း နံပါတ် ၆ နေရာမှာ ရပ်တည်နေပြီး ဇန်နဝါရီလ ၁ ရက်နေ့မှာ FlixPatrol အရ ကမ္ဘာတစ်ဝှမ်း နံပါတ် ၅ နေရာမှာ ရပ်တည်နိုင်တာဖြစ်ပါတယ်။ 'The Glory' က ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ထွက်ရှိခဲ့တာဖြစ်ပြီး လက်ရှိမှာ အောင်မြင်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။