မကြာသေးမီက ထွက်ရှိခဲ့တဲ့ ခြောက်ခြားစရာ မကောင်းဆိုးဝါးနှိမ်နှင်းရေး ဇာတ်လမ်းတွဲ Island ဟာဆိုရင် Amazon Prime Video စာရင်းထဲမှာ ထိပ်တန်းစာရင်း ၁၀ ခုထဲ ဝင်လာခဲ့ပါတယ်။ ဇန်နဝါရီလမှာ ထွက်ရှိခဲ့တဲ့ FlixPatrol ရဲ့ global OTT and VOD ranking စာရင်းမှာ TVing ရဲ့ original စီးရီးဖြစ်တဲ့ Island က နှစ်ရက်တည်းနဲ့ No.10 စာရင်း ဝင်ခဲ့တာဖြစ်ပါတယ်။

Island က နိုင်ငံပေါင်း ၂၂ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား ၊ ဟောင်ကောင် ၊ စင်ကာပူနဲ့ ဗီယက်နမ် စတဲ့ နိုင်ငံတွေကို ကျော်တက်ပြီး ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပြီး Morocco နဲ့ Senegal နိုင်ငံတွေထဲမှာ နံပါတ် ၅ နေရာကနေ ရပ်တည်နိုင်ခဲ့ပါတယ်။ Amazon Prime Video ဟာဆိုရင် စူပါဟီးရိုးဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှု ရရှိခဲ့တဲ့ ဇာတ်လမ်းဖြစ်ပြီး တောင်ကိုရီးယားရဲ့ ဟီးရိုး ဒရမ်မာ အဖြစ်လည်း ရွေးချယ်ခြင်းခံခဲ့ရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။




Island ဇာတ်လမ်းတွဲက မကောင်းဆိုးရွားတွေကို နှိမ်နှင်းတဲ့ fantasy နဲ့ action ဇာတ်လမ်းတွဲဖြစ်ပြီး သဘာဝလွန် စွမ်းအားတွေနဲ့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပါတယ်။

Island ထဲမှာ အဓိက သရုပ်ဆောင်တွေအဖြစ်နဲ့ Cha Eun Woo အပါအဝင် Kim Nam Gil နဲ့ Lee Da Hee တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။