လာမာ နှင့် အယ်လ်ပါကာ နှစ်မျိုးစလုံးဟာ သယ်ယူပို့ဆောင်ရေးနှင့် သိုးမွှေးထုတ်လုပ်ဖို့ လူသားများက နှစ်ထောင်ပေါင်းများစွာ အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီမျိုးစိတ်နှစ်မျိုးလုံးကို ပီရူးနှင့် ဘိုလီးဗီးယားတို့မှာ အဓိကတွေ့ရပြီး ကုလားအုတ်မျိုးစိတ် Camelidae ရဲ့ မျိုးနွယ်ဝင်လည်း ဖြစ်ပါတယ်။ ဒါ့ အပြင် လာမာ နှင့် အယ်လ်ပါကာ တို့ဟာ လာမာ မျိုးစိတ် လေးမျိုးထဲမှာ နှစ်မျိုးပါဝင်ပြီး အခြားမျိုးစိတ် နှစ်မျိုးမှာ vicuña နှင့် guanaco တို့ရဲ့ ဝမ်းကွဲများဖြစ်ပါတယ်။ စိတ်ဝင်စားစရာကတော့ အဲ့ဒီ မျိုးစိတ် လေးခုစလုံးက အပြန်အလှန်မျိုးပွားနိုင်ကြပါတယ်။

တစ်ခါတလေတော့ လာမာ နှင့် အယ်လ်ပါကာ တို့ကို လူတော်တော်များများက မှားတတ်ကြပါတယ်။သူတို့နှစ်ဦးကြားမှာ အထူးခြားဆုံး ရုပ်ပိုင်းဆိုင်ရာ ကွဲပြားချက်ကတော့ အရွယ်အစား ၊ အမွေး နှင့် မျက်နှာပုံစံပါ။ ဒါ့ အပြင် ကျွန်တော်တို့ လူသားတွေအပေါ် အကျိုးသက်ရောက်မှုကလည်း ကွာခြားကြပါတယ်။ ဒီနှစ်ကောင်ကြားမှာ အထင်ရှားဆုံးကွာခြားချက်ကတော့ သူတို့ရဲ့ အရွယ်အစားပါ။ အယ်လ်ပါကာ တွေက အနည်းငယ်သေးငယ်ပြီး အရပ်အမြင့်မှာ ၉၀ စင်တီမီတာ (၃၅ လက်မ) ထိရှိပြီး အလေးချိန်မှာ ၅၅ မှ ၆၅ ကီလိုဂရမ် (၁၂၁ ပေါင်မှ ၁၄၃ ပေါင်) ကြားရှိပါတယ်။

လာမာ တွေကတော့ အမြင့် ၁၂၀ စင်တီမီတာ (၄၇ လက်မ) နှင့် အလေးချိန် ၁၁၃ ကီးလိုဂရမ် (ပေါင် ၂၅၀) ခန့် ထိရှိတာ ဖြစ်ပါတယ်။ ဒါကြောင့် လာမာ တွေဟာ သူတို့ရဲ့ ဝမ်းကွဲတွေထက် အများကြီး ပိုကြီးကြပါတယ်။ အလားတူ သူတို့မျက်နှာအနေထားမှာလည်း အယ်လ်ပါကာ တွေဟာ သေးငယ်တဲ့ နားရွက်များရှိပေမယ့် လာမာတွေကတော့ မျက်နှာထက်ပိုရှည်တဲ့ နားရွက်ရှိပါတယ်။နောက်ထပ် အဓိက ကွာခြားချက်ကတော့ သူတို့ရဲ့ အမွေးပါ။

သိုးမွေးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ အနီရောင်အမွေးတွေဟာ အယ်လ်ပါကာ ရဲ့ အမွေးများဖြစ်ပါတယ်။ လာမာအမွေးတွေကတော့ အယ်လ်ပါကာ အမွေးတွေထက် ပိုပြီး နူးညံ့ပျောပျောင်းကြပေမယ့် ယုတ်ညံ့တယ်လို့ အယူအဆကြောင့် ပြန်လည်အသုံးမပြုကြပါဘူး။သယ်ယူပို့ဆောင်ရေးနေရာမှာတော့ ကျွန်တော်တို့ လူသားတွေက အများအားဖြင့် လာမာကို အသုံးပြုကြပါတယ်။

ဘာကြောင့်လဲဆိုတော့ လာမာတွေဟာ ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ၃၀ ကီလိုမီတာ (၁၈.၆ မိုင်) အထိကို အလေးချိန် ၉၉ မှ ၁၃၂ ပေါင်အထိ သယ်နိုင်ကြလို့ပါ။ ဒါပေမယ့် လာမာတွေဟာ အလုပ်ပိုလုပ်ရလို့ မလုပ်ချင်လာတော့ရင် တံတွေးထွေးခြင်း ၊ ကန်ခြင်း ၊ လှဲချခြင်း စတဲ့ငြင်းဆန်းတဲ့ အပြုအမူများဖြင့် သခင်ကို တုံ့ပြန်ကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။