ခုဖော်ပြတဲ့ ဖားကတော့ Glass Frog ဆိုတဲ့ ဖန်ဖားပဲဖြစ်ပါတယ်။ သူတို့ရဲ့ အောက်ပိုင်းရှိ အရေပြားဟာ အထဲကအရာတွေအကုန်လုံးကို မြင်နေရပါတယ်။ ဒါကြောင့် ကုန်းနေရေနေသတ္တဝါများဖြစ်တဲ့ သူတို့ခုန်ချတဲ့အခါ သူတို့ရဲ့ နှလုံးခုန်ခြင်းအပါအဝင် သူ့ရဲ့အတွင်းအင်္ဂါအချို့ကို ကြည့်လို့ရနိုင်ပါတယ်။ သူတို့ဟာ အလွန်မိုက်တဲ့ လျှို့ဝှက်ချက်များစွာရှိတဲ့ သတ္တဝါပါပဲ။

ကော်စတာရီကာ၊ ပနားမား၊ ကိုလံဘီယာနှင့် အီကွေဒေါနိုင်ငံ မိုးသစ်တောများမှာ ဖန်ဖားများကို တွေ့ရှိနိုင်ပါတယ်။ ညဘက်မှာ လှုပ်ရှားတဲ့ ဒီတိရစ္ဆာန်များဟာ ချောင်းများတစ်လျှောက် အသီးအရွက်များကို စားသုံးနေထိုင်ကြပါတယ်။ အထီးများဟာ နယ်မြေပိုင်နက် အတော်အတန်ရနိုင်ပြီး ကျူးကျော်ဝင်ရောက်လာတဲ့ ဖားတွေကို သူတို့ပိုင်နက်ကနေ ဝေးဝေးနေအောင် သတိပေးတဲ့ အော်ဟစ်ဆူညံသံများ ပြုလုပ်နိုင်ပါတယ်။

ကျူးကျော်သူ မထွက်ခွာသွားဘူးဆိုရင်တော့ ဖားဟာ ဘယ်သူကဆရာလဲဆိုတာကို ပြသတဲ့အနေနဲ့ တိုက်ခိုက်မှာဖြစ်ပါတယ်။အထီးများဟာ သူတို့အိမ်ထောင်ဖက်များရဲ့ ဥများကို အလွန်ကာကွယ်ကြပါတယ်။ အမများဟာ အရွက်ရဲ့အောက်ခြေမှာ ဥများကို ( clutch လို့ခေါ်ပါတယ် ) ဂျယ်လီလို အရာတစ်ခုဖြင့် ကပ်ထားပါတယ်။ နောက်တော့ အမတွေက ထွက်သွားပြီး အထီးတွေက အစောင့်တာဝန်အဖြစ် ထမ်းဆောင်ကြပါတယ်။

နကျယ်ကောင်လို ရန်သူများရန်မှ ကာကွယ်ပေးပြီး ဥများ မပေါက်မချင်း ၂၄ နာရီပတ်လုံး စောင့်ကြည့်ကြပါတယ်။ ဖားဟာ ဥပြွတ်နှင့် နီးကပ်လွန်းတဲ့ နကျယ်ကောင်များကို ဖယ်ထုတ်ပစ်ဖို့ သိထားကြပါတယ်။သိပ္ပံပညာရှင်များဟာ ဒီဖားများရဲ့ အောက်ဘက်မှာ အထဲကအရာတွေကိုမြင်နိုင်စွမ်းရှိတဲ့ အရေပြားကို ဘာကြောင့်ပိုင်ဆိုင်ထားရလဲဆိုတာ မသိရှိကြပါဘူး။ ဒါပေမယ့် ကုန်းနေရေနေ သတ္တဝါများရဲ့ ကျောဘက်က အစက်အပြောက်ပုံဟာ ဥများ ထုထည်နှင့် ဆင်တူတယ်လို့ ထင်မြင်ကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။