Charaxinae လို့ခေါ်တဲ့ သစ်ရွက်ပျံလိပ်ပြာမျိုးစိတ်မှာ လူသိများတဲ့ မျိုးစိတ် ၄၀၀ ခန့်ရှိပါတယ်။ မြောက်အမေရိက၊ ဥရောပ၊ တရုတ်နှင့် ဩစတေးလျတောင်ပိုင်း သမရိုးကျဒေသများမှာ တွေ့ရပြီး သူတို့ရဲ့ သားလောင်း သို့မဟုတ် ခူကောင်များဟာ အလွန်ကောင်းမွန်တဲ့ 'ခေါင်းတောင့်' ပါရှိကြပါတယ်။ သာမန်နဲ့မတူတဲ့ခေါင်းတွေဆိုလည်း မမှားပါဘူး။

သူတို့မှာ ဦးချိုလေးခုပါရှိတတ်ပြီး သူတို့ရဲ့ ခေါင်းပုံစံကလည်း နဂါးနဲ့တူကြတာမို့ အင်္ဂလိပ်လို Dragonhead caterpillar လို့ခေါ်ကြပါတယ်။ သူတို့ရဲ့အသွင်အပြင်ကြောင့် ပိုးကောင်တွေကို ရက်စက်ကြမ်းကြုတ်စွာနဲ့ စားကြမယ်လို့ တွေးလည်း တွေးထင်စရာပါပဲ။

ဒါပေမယ့်သူတို့က အရွက်စား သတ္တဝါတွေပါ။ လိပ်ပြာတွေမှာ ထူးခြားလှပတဲ့ အတောင်ပံ ကိုယ်စီရှိကြသလို သူတို့မှာလည်း လိပ်ပြာမဖြစ်ခင် ထူးခြားတဲ့ ကိုယ်ပိုင် အင်္ဂါရပ်တွေ ရှိတတ်ကြာတာ ပုံမှန်ပါပဲ။အဲ့ဒီလို ထူးခြားတဲ့ လိပ်ပြာသား‌လောင်ကောင်တွေထဲက တစ်မျိုးကတော့ တောဘုရင်မလိပ်ပြာ (Euxanthe wakefieldi) ရဲ့ သားလောင်ပဲ ဖြစ်ပါတယ်။

တောင်အာဖရိကနဲ့ အာဖရိကအရှေ့ပိုင်းရှိ အစိတ်အပိုင်းများမှာ သူတို့ကို တွေ့ရှိရနိုင်ပါတယ်။ သူ့ရဲ့ နဂါးခေါင်းဟာ စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ဘေးချိုဟာ အလယ်ချိုနှစ်ခုထက် ပိုရှည်လျားတတ်ပါတယ်။ အပြင်ဘက်ဦးချိုများနှင့် ဦးချိုတစ်ခုစီကြားမှာ အနက်ရောင်ကျောရိုးသရဖူတစ်ခုရှိပါတယ်တဲ့။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။