လတ်တလော လူမှုကွန်ယက်ပေါ်မှာ အပြောများနေတဲ့ တားဆေးကိစ္စနဲ့ ပတ်သက်လို့ ဒီကနေ့မှာ အရေးပေါ်တားဆေးတွေရဲ့ ဆိုးကျိုးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ တကယ်တော့ ကိုယ်ဝန်အရေးပေါ်တားဆေးတွေဟာ မဖြစ်မနေအခြေအနေမျိုးမှသာ သုံးရတဲ့ဆေးတစ်မျိုးဖြစ်ပေမယ့် လူငယ်တချို့က လွဲမှားစွာအသုံးပြုနေကြတဲ့အခါမှာ မဖြစ်သင့်တဲ့ ပြဿနာနဲ့ ကျန်းမာရေးဆိုးကျိုးတွေဖြစ်လာကြတာပဲဖြစ်ပါတယ်။

အရေးပေါ် ကိုယ်ဝန်တားဆေး (အရေးပေါ်သန္ဓေတားဆေး (EC) ) ကို တစ်ကြိမ်တစ်ခါသုံးတာက ဘာမှမဖြစ်ပေမယ့် အဲ့ထက် အကြိမ်အရေအတွက် ပိုလာတဲ့အခါမှာတော့ ရေရှည်မှာဆိုးကျိုးတွေဖြစ်ပေါ်လာပါတော့တယ်။ တကယ်လို့ မဖြစ်မနေသောက်ရမယ်ဆိုလျှင်လည်း သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူ သို့မဟုတ် ဒေသတွင်း ဆေးဝါးကျွမ်းကျင်သူနှင့် ဆွေးနွေးပြီးမှသောက်သုံးသင့်ပါတယ်။ ခဏခဏအသုံးပြုတာများလာတဲ့အခါ ဖြစ်လေ့ရှိတဲ့ ရေတိုဘေးထွက်ဆိုးကျိုးများမှာ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ ဖြစ်ပါတယ်။

ဒါတင်သာမက ဒီလို အရေးပေါ်သန္ဓေတားဆေးကို အသုံးပြုခြင်းဟာ သင့်ရဲ့ ရာသီလာချိန်ကို တစ်ပတ်အထိ နှောင့်နှေးစေနိုင်ပါတယ်။ ဒီဆေးသောက်ထားပြီး သုံးပတ်မှ လေးပတ်အတွင်း ရာသီမလာပါက ကိုယ်ဝန်စစ်ဆေးမှုခံယူသင့်ပါတယ်။ သန္ဓေတားဆေး အသုံးပြုခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများဟာ ပျို့အန်ခြင်း၊ အမျိုးသမီးအင်္ဂါမှ သွေးအနည်းငယ်ဆင်းခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ရာသီသွေးပိုဆင်းခြင်း။ ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း သို့မဟုတ် ကြွက်တက်ခြင်း တို့ဖြစ်တတ်ပါတယ်။ အဆိုးဆုံးအနေနဲ့ကတော့ အနာဂတ်မှာ ကိုယ်ဝန်မဆောင်နိုင်တဲ့အထိဖြစ်လာနိုင်တာပါပဲ။
ဒါကြောင့်မို့အမျိုးသမီးလေးတွေအနေနဲ့ မိမိခန္ဓာကိုယ်ကို တန်ဖိုးထားဖို့မမေ့ကြပါနဲ့နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။