Business Proposal  မင်းသမီး Kim Sejeong ရဲ့ ကိုရီးယား ဒရာမာဇာတ်ကားသစ်ထုတ်လွှင့်ခဲ့တာ အပိုင်း(၂) အထိရောက်ရှိလာပြီဆိုပေမယ့် “Business Proposal” ဇာတ်ကားနဲ့ ယှဉ်ရင် ကွာဟချက်များပြီးတော့ ငြီးငွေ့ဖွယ်ကောင်းနေပါတယ်။ မင်းသမီး Kim Sejeong ရဲ့ K-drama လောကကို ပြန်လည်ဝင်ရောက်လာတဲ့ အထိမ်းအမှတ်လို့ပြောလို့ရတဲ့ "Today's Webtoon" ဇာတ်ကားသစ်အပေါ် ပရိသတ်အများစုက အပျက်သဘောဆောင်တဲ့ ဝေဖန်ချက်တွေရှိနေပါတယ်။

နာမည်ကြီးဒရာမာဖြစ်တဲ့ "Business Proposal" ဇာတ်ကားရဲ့ မင်းသမီး Kim Sejeong က ဇာတ်ကားနဲ့အတူ ပရိသတ်များရဲ့ လက်ခံအားပေးမှုအမြောက်အများ ရရှိခဲ့တဲ့အပြင် ထုတ်လုပ်သူနဲ့ ဒါရိုက်တာများစွာရဲ့ မျက်စိကျစရာ သရုပ်ဆောင်တစ်ဦးလည်းဖြစ်လာပါတယ်။ "Business Proposal" ဇာတ်ကားအပြီး ၃ လအကြာမှာတော့ မင်းသမီးက "Today's Webtoon" ဆိုတဲ့ K-drama ဇာတ်ကားသစ်နဲ့အတူ ပရိသတ်တွေဆီ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

လက်ရှိမှာတော့ “Today's Webtoon” ဇာတ်ကားသစ် ထုတ်လွှင့်ပြသ‌နေတာဟာ အပိုင်း ၂ အထိ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ အဆိုပါဇာတ်လမ်းတွဲမှာ Choi Daniel နဲ့  Nam Yoon Su တို့လည်း ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်ကားကိုတော့ ရုပ်သံလွှင့်ဌာန SBS မှ ထုတ်လွှင့်ပြသလျက်ရှိပါတယ်။ ဒါပေမယ့်လည်း အပိုင်း ၂ ထုတ်လွှင့်ပြီးဖြစ်တဲ့ ဇာတ်ကားရဲ့ ရလဒ်က ပရိသတ်တွေရဲ့ မျှော်မှန်းချက်နဲ့ ဝေးကွာလျက်ရှိနေပါတယ်။

"Business Proposal" ရဲ့ ကနဦးပိုင်း အောင်မြင်မှုနှုန်းနဲ့ နှိုင်းယှဉ်တဲ့အခါလည်း "Today's Webtoon" က သည် သိသိသာသာကို နောက်ကျကျန်နေပါတယ်။ "Business Proposal" မင်းသမီးရဲ့ ဇာတ်ကားသစ် ဟာ နောက်ထွက်ရှိလာမယ့် အပိုင်းဆက်တွေမှာတော့ ပရိသတ်တွေ မျှော်မှန်းထားသလို ဖြစ်လာနိုင်မလားဆိုတာက မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

source - kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။