ကိုဗစ်ရောဂါတွေဟာ (၂၀၂၀) ခုနှစ် နှစ်စပိုင်းလောက်က တရုတ်နိုင်ငံ ၊ ဝူဟန်မြို့မှည စတင်ဖြစ်ပွားလာခဲ့ပြီး အဲ့မှ တစ်ဆင့် တစ်ကမ္ဘာလုံးကို ပြန့်နှံ့လာခဲ့ပါတယ်။ ကိုဗစ်ပိုးတွေပြန့်နှံ့လာခဲ့တာဆိုရင် အခုအခါမှာ သတ္တမလှိုင်းအထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ လှိုင်းတစ်ခု ဖြစ်တိုင်းမှာ ကိုဗစ်ရောဂါပိုးဟာ မျိုးစိတ်ကွဲတွေ ထပ်ထပ်ပေါ်လာတာကြောင့် ပြည်သူတွေအနေနဲ့လည်း လက္ခဏာပေါင်းများစွာကို သေချာ သတိထားမှတ်သားနေရတာပဲဖြစ်ပါတယ်။

ယခုဖြစ်ပွားနေတဲ့ ကိုဗစ်မျိုးစိတ်သစ် BA.4 နဲ့ BA.5 လက္ခဏာတွေဟာ ယခင် ကိုဗစ် မျိုးကွဲများမှာ တွေ့ရတဲ့ လက္ခဏာရပ်များနှင့် အတော်လေး တူညီတယ် လို့ သိရပါတယ်။ ကိုဗစ်ရောဂါရဲ့ လက္ခဏာများမှာ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ နှာပိတ်ခြင်း၊ နှာရည်ယိုခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ကြွက်သားများ နာကျင်ကိုက်ခဲခြင်း ဖြစ်ပြီး မျိုးကွဲသစ် BA.4 နဲ့ BA.5 တို့ရဲ့ လက္ခဏာရပ်များဟာဆိုရင်တော့ ဖျားခြင်း၊ ညဘက် ချွေးထွက်ခြင်း နှင့် လည်ချောင်းနာခြင်း အပါအဝင် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း၊ အအေးမိခြင်းနှင့် တုပ်ကွေးကဲ့သို့သော လက္ခဏာရပ်များကို ပိုမိုဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။

လူနာအားလုံး တူတယ်လို့ မဆိုနိုင်ပေမယ့်လည်း အချို့သောလူနာများမှာတော့ ကိုဗစ်ရောဂါရဲ့ အထင်ရှားဆုံးလက္ခဏာဖြစ်တဲ့အရသာနှင့် အနံ့ ဆုံးရှုံးခြင်းကို ပုံမှန်အတိုင်းကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဆေးသိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရပြောရရင် မျိုးကွဲသစ်တွေရဲ့ အဖြစ်များဆုံး ရောဂါလက္ခဏာများမှာ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ ဖြစ်တယ်လို့သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။