အလုပ်များနေတဲ့အချိန်နဲ့ တစ်ချို့သော အခြေအနေတွေမှာ ဆီးသွားခြင်းတာကို ထိန်းချုပ်လေ့ရှိတာက လူတွေ ပုံမှန်လုပ်နေကြအရာတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် ဆီးသွားချင်တာကို ခဏခဏ ထိန်းချုပ်မိနေမယ် ဆိုရင်တော့ ဆီးအိမ်ကို ထိခိုက်စေမှာဖြစ်ပြီး ခန္ဓာကိုယ်မှာ မလိုလားအပ်တဲ့ ရောဂါပြဿနာတွေလည်း ဖြစ်လာမှာဖြစ်ပါတယ်။

ဆီးအိမ်ဆိုတာက ခန္ဓာကိုယ်ရဲ့ ဆီးလမ်းကြောင်းမှာရှိပြီး အခေါင်းပေါက်ပါတဲ့ သစ်တော်သီးပုံစံ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဆီးအိမ်ဟာ ဆီးမစွန့်ခင်အချိန်ထိ ဆီးတွေကို ထိန်းသိမ်းပေးပါတယ်။ ကျန်းမာရေးကောင်းတဲ့လူတစ်ယောက်ရဲ့ ဆီးအိမ်အလေးချိန်ဟာ ၁၆ အောင်စ ရှိပြီး ဆီးတော်တော်များများကို ထိန်းထားနိုင်ပေမယ့် မကြာခဏထိန်းထားလေ့ရှိတာကတော့ ခန္ဓာကိုယ်အတွက် အန္တရာယ်များစေပါတယ်။ ဒါကြောင့် ဆီးအောင့်ထားခြင်း ကနေဖြစ်လာမယ့် အကျိုးဆက်တွေကို ဝေမျှပေးသွားပါမယ်။

နာကျင်ခြင်း

ဆီးသွားချင်တာကို မကြာခဏ အောင့်ထားလေ့ရှိတာက ဆီးအိမ်ရဲ့လုပ်ငန်းဆောင်တာတွေကို ရှုပ်ထွေးစေမှာဖြစ်ပြီး ဆီးအိမ်နဲ့ ကျောက်ကပ်ကို ထိခိုက်စေမှာဖြစ်ပါတယ်။ ဆီးအောင့်ပြီးလို့ ဆီးသွားတဲ့အခါမှာလည်း နာကျင်မှုကိုခံစားရစေမှာဖြစ်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ဆီးအကြာကြီးအောင့်ထားခြင်းက ဆီးလမ်းကြောင်းအတွင်း ဘက်တီးရီးယားများကို ပွားစေမှာဖြစ်ပြီး ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ဖြစ်စေပါတယ်။ ရေလုံလုံလောက်လောက် မသောက်တွေသူရဲ့ ဆီးအိမ်ဟာ  ဆီးထုတ်တာနည်းတဲ့အတွက်ကြောင့်မလို့ ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေဟာ သာမန်ထက် ပိုများပါတယ်။

ဆီးအိမ်ကျယ်ခြင်း

ဆီးမကြာခဏအောင့်ခြင်းက ရေရှည်မှာ ဆီးအိမ်ကို ကျယ်သွားစေပါတယ်။ အဲ့ဒီအခါ ဆီးအိမ်ကို ကျုံ့ရ ခက်ခဲခြင်းနဲ့ ဆီးအိမ်ကျုံ့မရခြင်းတွေဖြစ်လာပြီး ဆီးသွားဖို့ကို အခက်အခဲဖြစ်စေမှာဖြစ်ပါတယ်။

ဆီးကျောက်တည်ခြင်း

ဆီးထဲ သတ္တုဓာတ်ပမာဏများစွာပါဝင်တဲ့သူတွေမှာ ဆီးကျောက်တည်နိုင်ခြေများလေ့ရှိပြီး ဆီးကို အောင့်ထားလေ့ရှိသူတွေရဲ့ ဆီးအိမ်ကလည်း ဆီးကျောက်တည်နိုင်ခြေများပါတယ်။

ကျန်းမာရေးကောင်းတဲ့သူတစ်ယောက်ရဲ့ ဆီးအိမ်ဟာ ၃၀၀ - ၄၀၀ မီလီမီတာ ပမာဏအထိ ဆီးကိုထိန်းသိမ်းထားနိုင်ပြီး လူတစ်ယောက်နဲ့ တစ်ယောက် ဆီးထိန်းနိုင်တဲ့ ပမာဏကလည်း ကွဲပြားပါတယ်။ ကောင်းကောင်းအလုပ်လုပ်တဲ့ ဆီးအိမ်က ဆီးကို ထိန်းနိုင်တာမှန်ပေမယ့် ပုံမှန် ဆီးသွားခြင်းကတော့ ခန္ဓာကိုယ်အတွက် အကောင်းဆုံးဖြစ်ပါတယ်။

source - niddk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။