Squid Game ရဲ့ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာဖြစ်သူ Hwang Dong-hyuk က နောက်ထပ်ထွက်ရှိလာမယ့် Squid Game ရဲ့ Season 2 အဆက်မှာပါဝင်မယ့် အကြောင်းအရာတစ်ချို့ ကို အရိတ်အမြွက် ပြောပြခဲ့ ပါတယ်။ အဲ့ဒီ အရိတ်အမြွတ်စကားတွေအရ ဒီဇာတ်လမ်းမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ Gi-hu နဲ့ The Front Man တို့ ပြန်လည်ပါဝင်လာမှာဖြစ်ပါတယ်။

ကမ္ဘာမှာ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ Squid Game ဟာ Season 2 ထွက်ရှိလာမှာဖြစ်ကြောင်းကို Netflix က တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။  Squid Game ဇာတ်လမ်းတွဲက ၂၀၂၁၊ စက်တင်ဘာလမှာ ထွက်ရှိခဲ့တာဖြစ်ပြီးတော့  Netflix မှာ လူကြည့်အများဆုံး ဇာတ်လမ်းတွဲလည်းဖြစ်ခဲ့ပါတယ်။  

ဒီဇာတ်လမ်းတွဲထဲမှာ ဘဝကိုပြောင်းလဲပေးနိုင်တဲ့ ငွေပမာဏတစ်ခုအတွက် ငယ်စဉ်ဘဝတုန်းက ဆော့ခဲ့ဖူးတဲ့ ဂိမ်းအမျိုးအစားတွေကို ပြန်လည်ကစားကြတဲ့သူတွေရဲ့အကြောင်းကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီဂိမ်းအမျိုးအစားတွေကိုတော့ လူကိုသေစေနိုင်တဲ့အထိကို ပြောင်းလဲပြုပြင်ထားပါတယ်။

Season 1 တုန်းက Lee Byung hon ပါဝင်သရုပ်ဆောင်ထားတဲ့ The Front Man ဇာတ်ကောင်ဟာ ပြန်လည်ပါဝင်လာမှာဖြစ်ပြီး ကစားပွဲတွေထဲမှာ လူရဲ့ လှုပ်ရှားမှုကို အာရုံခံနိုင်တဲ့ အရုပ်မ Young-hee ရဲ့ ရည်းစားကိုပါ ထည့်သွင်းမိတ်ဆက်သွားမှာဖြစ်ပါတယ်။ Netflix ဟာ Season 2 ထွက်ရှိလာမှာကို ကြေညာခဲ့ပေမယ့် ထွက်လာမယ့်အချိန်ကိုတော့ မပြောသွားခဲ့ပါဘူး။

source - LatestLy

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။