One Piece ဟာ Anime မှာတင်မကပဲ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့တွက်ရင်တောင် အကြီးဆုံးနဲ့ အအောင်မြင်ဆုံး Franchise တွေထဲကတစ်ခုပါ။Manga ဖန်တီးရှင် Eiichiro Oda ဖန်တီးထားတဲ့ One Piece ဟာစထွက်ကတည်းက ရောင်းအားအကောင်းဆုံး Manga တစ်ခုဖြစ်ပြီး ခုချိန်ထိလည်းအောင်မြင်မှုကို အကြီးအကျယ်ဆက်လက်ထိန်းသိမ်းထားနိုင်ပါသေးတယ်။

ဒီလိုမျိုးအရမ်းနာမည်ကြီးတဲ့ Anime ဇာတ်လမ်းတွဲကို ထုံးစံအတိုင်း Netflix ကလက်လွှတ်မခံပါဘူး။Netflix ဟာ ၂၀၂၁ ခုနှစ်ကတည်းက Netflix က One Piece ကို Live Action ပြန်ရိုက်မယ်လို့စီစဥ်ခဲ့ပြီး သရုပ်ဆောင်တွေတောင်ရွေးပြီးနေပါပြီ။One Piece ဇာတ်လမ်းတွဲထဲမှာအရေးအကြီးဆုံး နောက်တစ်ခုက Luffy တို့ရဲ့သင်္ဘောကြီးပါ။Netflix ကအဲ့ဒါကြီးကိုတည်ဆောက်ချိန်မှာလုံးဝ အသုံးစရိတ်ချွေတာတာမရှိပဲ သင်္ဘောအစစ်အကြီးကြီးကိုတည်ဆောက်ခဲ့ပါတယ်။ရိုက်ကူးရေးတွေဘာတွေမစသေးပေမဲ့ Netflix ကအဲ့ဒီသင်္ဘောကြီးကို ထုတ်ကြွားလာပါပြီ။


ရိုက်ကူးရေးကို စီစဥ်သူနှစ်ယောက်ဖြစ်တဲ့ Steve Maeda နဲ့ Matt Owens တို့နှစ်ယောက်ဟာ Straw Hat ရဲ့ The Going Marry ပင်လယ်ဓားပြသင်္ဘောကြီးနဲ့ ငါးခေါင်းပုံသင်္ဘော Baratie တို့ကို Video တစ်ခုနဲ့ထုတ်ကြွားလာတာပါ။Netflix ကတင်ခဲ့တဲ့အဲ့ဒီ Video မှာ Luffy အဖြစ်သရုပ်ဆောင်မဲ့ Inaki Godoy ကိုလည်း သူတို့နဲ့အတူတူတွေ့ရပါတယ်။Time lapse ရိုက်ပြထားတဲ့ အဲ့ဒီ Video ထဲမှာ သင်္ဘောကြီးကို အလုပ်သမားတွေအများကြီးနဲ့ စည်စည်ကားကားလှလှပပ တည်ဆောက်ထားတာကိုတွေ့ရပါတယ်။ဒါဟာ One Piece Live action နဲ့ပတ်သက်လို့ပထမဆုံးသိရတဲ့ BTS တွေဖြစ်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။