Shang-Chi and the Legend of Ten Rings ရုပ်ရှင်နဲ့ စူပါဟီးရိုးပရိသတ်တွေသာမက မိန်းကလေးပရိသတ်အမြောက်အများကိုပါသိမ်းပိုက်ထားတဲ့ အာရှမင်းသား Simu Liu ဟာနောက်ရိုက်ကူးမဲ့ ရုပ်ရှင်ကားတစ်ကားအတွက် သူ့တကိုယ်လုံးက အမွှေးတွေဖယ်ရှားပစ်ဖို့ တကိုယ်လုံးကို Waxing လုပ်ခဲ့ရတယ်လို့ ထုတ်ပြောလာပါတယ်။Waxing လုပ်ရတာ သူ့အတွက် တော်တော်လေးဆိုးရွားခဲ့ပါတယ်တဲ့။

သူရိုက်ကူးရမဲ့ရုပ်ရှင်ကလည်း ပရိသတ်တွေနဲ့စိမ်းတဲ့ရုပ်ရှင်တော့မဟုတ်ပါဘူး။နာမည်ကြီး ဘာဘီရုပ်လေးတွေရဲ့ Animation ရုပ်ရှင်တွဲကိုအခြေခံတဲ့ ဘာဘီ Live Action ရုပ်ရှင်ဖြစ်ပြီး Margot Robbie နဲ့ Ryan Gosling တို့ကအဓိကဇာတ်ဆောင်အဖြစ် ပါဝင်သွားကြမှာပါ။

Simu Liu ကတော့ Ryan Gosling သရုပ်ဆောင်မဲ့ ဘာဘီဇာတ်ကောင် Ken ရဲ့နောက်ဗားရှင်းတစ်ခုအနေနဲ့ ပါဝင်သွားမယ်လို့ သတင်းထွက်နေပါတယ်။ဇာတ်လမ်းပိုင်းနဲ့ပတ်သက်လို့ ဘာမှထုတ်ပြောထားခြင်းမရှိပဲ ဂျူလိုင်လ ၂၁ ရက်နေ့၊၂၀၂၃ ကျမှရုံတင်ပြသမှာဖြစ်ပါတယ်။

Simu Liu က “Waxing လုပ်ရတာကျွန်တော့်ဘဝမှာအနာကျင်ဆုံးအတွေ့အကြုံတွေထဲကတစ်ခုပဲ။Waxing ကိုလတိုင်း အခြေခံတာဝန်လိုလုပ်နေကြတဲ့ သတ္တိရှိတဲ့အမျိုးသမီးတွေကို ကျွန်တော်တကယ်လေးစားပါတယ်”လို့တောင်ပြောခဲ့ပါသေးတယ်။သရုပ်ဆောင်ရမဲ့ဇာတ်ကောင်က ဘာဘီရဲ့နာမည်ကြီး Ken ဇာတ်ကောင်ကို သရုပ်ဆောင်ရမှာဆိုတော့ အမွှေးတွေအကုန်ဖယ်ပစ်ရတာမဆန်းပါဘူး။Ryan Gosling ရောအဲ့လိုမျိုး Waxing လုပ်ရလားဆိုတာတော့မသိရပါဘူး။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။