Stranger Things Season 4 Volume 1 ကိုဇာတ်ကောင်အသစ်တွေ၊ပိုထူးဆန်းတဲ့အရာတွေအများကြီးနဲ့ မေလ ၂၇ ရက်နေ့ကစတင်ပြသခဲ့ပါတယ်။ပရိသတ်တွေအတွက် အားရစရာတွေအများကြီးကို ချပြနိုင်ခဲ့ပြီးနောက် Season 4 နဲ့အတူ Running Up That Hill ဆိုတဲ့သီချင်းကလည်း အရမ်းနာမည်ကြီးနေပါတယ်။

Running Up That Hill ဟာအင်္ဂလိပ်အဆိုတော် ကိတ်ဘုရှ် ၁၉၈၅ ခုနှစ်ကတည်းကထုတ်ထားတဲ့သီချင်းပါ။ဇာတ်လမ်းတွဲထဲမှာ ဆဒီဆင့်ခ် သရုပ်ဆောင်တဲ့ဇာတ်ကောင် မက်စ်ရဲ့အကြိုက်ဆုံးသီချင်းအဖြစ်ပါလာပြီး လုံးဝနာမည်ကြီးသွားစေတဲ့ ဇာတ်ဝင်ခန်းကတော့ မက်စ်တစ်ယောက် အခက်အခဲအကြီးကြီးနဲ့ကြုံတွေ့ရချိန် ရင်ခုန်စရာဇာတ်ဝင်ခန်းဖြစ်ပါတယ်။

ဇာတ်လမ်းတွဲက သီချင်းပေါ်ကိုဘယ်လောက်ထိတောင် လွှမ်းမိုးမှုရှိသလဲဆို အခု Running Up That Hill ဟာထွက်ရှိပြီး ၃၇ နှစ်အကြာမှာ Music Chart တော်တော်များများပေါ်မှာ နေရာပြန်ယူလာနိုင်ပါတယ်။
`



Running Up That Hill ဟာသီချင်းစထွက်ခဲ့ချိန်တုန်းက Billboard မှာနံပါတ် ၃၀ အထိနေရာယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဇာတ်လမ်းတွဲထဲမှာပါခဲ့ပြီးမှ ပြီးခဲ့တဲ့အပတ်ကဆို iTunes Chart မှာနံပါတ်တစ်ထိချိတ်ခဲ့ပါတယ်။ဇာတ်လမ်းတွဲထွက်ပြီး ၄ ရက်အကြာမေလကုန်မှာတော့ Spotify Worldwide Top 200 မှာနံပါတ် ၁၃၊iTunes Top 100 မှာနံပါတ် ၄၂၊Top 100 UK မှာနံပါတ် ၁၀ အသီးသီးနေရာယူထားပါတယ်။ဇာတ်ဝင်ခန်းဟာ တော်တော်လေးကောင်းသလိုပဲ၊သီချင်းကလည်း အရမ်းမိုက်ပါတယ်။သီချင်းကိုနားဆင်ခံစားနိုင်အောင်လည်း Official Music Video ကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။