Elden Ring ကစားသူတွေဟာ ဂိမ်းထဲမှာ Hack ပြီးထည့်ထားတဲ့ Item တစ်ခုကိုသွားယူမိကြလို့ ဆာဗာတွေကနေ ဘန်းခံနေရပါတယ်။သူတို့ယူမိနေကြတဲ့ Item ဟာအတွင်းခံဘောင်းဘီတစ်ခုပါ။အဲ့ item ကဟက်ခ်ပြီးထည့်ထားတဲ့ဟာဆိုတာလည်း တော်တော်များများမသိကြပါဘူး။

အဲ့ဒီအတွင်းခံဘောင်းဘီက Deathbed Smalls ဆိုတဲ့ item စာရင်းထဲမှာပါဝင်တာဖြစ်ပြီး ဟက်ခ်ထားတဲ့ item ဆိုပေမဲ့နဂိုကတည်းက ဂိမ်းထဲမှာရှိနေခဲ့ပြီး နောက်ဆုံးဂိမ်းကို လုံးဝဖြန့်ချီလိုက်ချိန်မှသာ မထည့်သွင်းခဲ့တာပါ၊ဒါပေမဲ့ တစ်ယောက်ယောက်ကဂိမ်းကိုဟက်ခ်ပြီး အဲ့ဘောင်းဘီကိုပြန်ထည့်ခဲ့ပါတယ်။ဂိမ်းထဲမှာ ဇာတ်ကောင်တွေကို ကြိုက်သလိုအဝတ်အစားတွေဆင်လို့ရတာမလို့ အဲ့ဘောင်းဘီကိုလည်းဝတ်ပေးထားလို့ရပါတယ်။အဲ့ဘောင်းဘီကိုရနိုင်ဖို့ဆို ဂိမ်းကို Offline ဖြစ်စေ၊ဟက်ခ်တဲ့နည်းတစ်ခုခုဖြစ်စေ သုံးပြီးဆော့မှသာရရှိနိုင်မှာဖြစ်ပါတယ်။

ဂိမ်းကို Online နဲ့ဆော့တဲ့အချိန်အဲ့ဒီဘောင်းဘီကိုသွားယူမိရင်တော့ ဆာဗာကဟက်ခ်ထားတယ်လို့ထင်ပြီး ကစားသူကိုချက်ချင်းဘန်းပစ်လိုက်တာပါ။OK-Communications7125 ဆိုတဲ့ Reddit အသုံးပြုသူတစ်ယောက်ဟာ သူနာရီပေါင်း ၂၂၀ ကျော် Elden Ring ကိုဆော့ပြီးမှ အဲ့အတွင်းခံဘောင်းဘီကို ယူခဲ့မိလို့ရက်ပေါင်း ၁၈၀ တိတိချက်ချင်းဘန်းခံလိုက်ရပါတယ်။
ဒါပေမဲ့ဂိမ်းကတာဝန်ရှိသူတွေနဲ့ စကားပြောပြီးတဲ့အခါ ဆော့ထားတဲ့ Save file တွေအကုန်လုံးကိုပြန်ဖျက်၊ဂိမ်းကိုပါပြန်ဖျက်ပြီး အကုန်အစကနေပြန်ဆော့ရမဲ့အကြောင်း တင်ထားပါတယ်။အဲ့အပြင်ပြန်ဆော့ချိန်မှာလည်း Soft-ban စာရင်းထဲကိုဝင်နေဦးမှာပါ။Soft ban ဆိုတာကတော့ တခြားဘန်းခံထားရသူတွေနဲ့ပဲ Online တူတူဆော့ရနိုင်မဲ့ဘန်းနည်းတစ်ခုပါ။

အတွင်းခံဘောင်းဘီတစ်ထည်ကြောင့် ဂိမ်းကစားသူတွေအုပ်လိုက်ကြီး ဒုက္ခရောက်နေကြတာတော့ တကယ်ဟာသပါပဲ။Developer ဖက်ကဒီကိစ္စကိုဘယ်လိုကိုင်တွယ်မလဲမသိရသေးပေမဲ့ ခုချိန်ထိတော့ ကစားသမားတွေတော်တော်များများ ဘာမသိညာမသိနဲ့ ဘန်းခံနေကြရဆဲပါ။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။