Among Us ဂိမ်းဟာ နာမည်ကြီး Battle Royal ဂိမ်းတစ်ခုဖြစ်တဲ့ PUBG New State နဲ့လက်တွဲပြီး Event တစ်ခုပြုလုပ်မှာဖြစ်ပါတယ်။ဒီ Event ဟာဧပြီလ ၂၁ ရက်နေ့ကနေ မေလ ၁၉ ရက်နေ့အထိအကြာကြီးရှိနေမှာပါ။နောက်တစ်ပတ်မှာစတင်မှာဖြစ်ပြီး Event ချိန်မှာဆော့လို့ရနိုင်တဲ့ဂိမ်းပုံစံတွေကလည်း တကယ်မိုက်ပါတယ်။

image via News Jani

PUBG New State ရဲ့ Troi မြေပုံမှာဆော့မယ်ဆိုရင် ဂိမ်းထဲမဝင်ခင် Countdown စနေတဲ့အချိန်မှာ Among Us ဂိမ်းပုံစံအတိုင်း ဆော့ကစားနိုင်မှာဖြစ်ပါတယ်။Squad ထဲကတစ်ယောက်ဟာ Imposter တစ်ယောက်ဖြစ်နေပြီး တခြားသူတွေကိုလိုက်သတ်မှာပါ။Imposter မဟုတ်သူတွေကတော့ အသက်ရှင်နိုင်အောင်ပတ်ပြေးနေရမှာဖြစ်ပါတယ်။အဲ့ဂိမ်းကိုဆော့ပြီးရင်လည်း Battle Royal ကိုထပ်ဆော့နိုင်ဦးမှာဖြစ်ပါတယ်။

Trio မြေပုံ (image via Krafton)

ကစားသူတွေဟာစပယ်ရှယ်ပုံးတွေဝယ်ယူပြီးတော့လည်း Among Us ထဲကလိုမျိုး Mask တွေ၊အဝတ်အစားတွေ၊ကျောပိုးအိတ်၊လက်နက်တွေနဲ့ စီးစရာယာဉ်တွေအများကြီးရရှိနိုင်ပါတယ်။အဲ့အပြင် Among Us ထဲကပစ္စည်းသေးသေးလေးတွေကိုလည်း မြေပုံနေရာအနှံ့အပြားမှာတွေ့ရှိရနိုင်ပါတယ်။စပယ်ရှယ်မစ်ရှင်တွေအများကြီးကို ဆော့ကစားပြီးတော့လည်း Among Us ဘောင်တွေ၊ပုံလေးတွေနဲ့ တခြားအလှဆင်စရာပစ္စည်းတွေ အများကြီးရရှိနိုင်ဦးမှာလို့သိရပါတယ်။

image via Krafton

ဒီ Collaboration ကတခြားဟာတွေလိုမျိုး item တွေတင်သာမကပဲ Gameplay တစ်ခုလုံးပါ ပါသေးတာမလို့ ဘယ်ဟာနဲ့မှမတူပဲ ထူးခြားတယ်လို့ပြောနိုင်ပါတယ်။Event ရက်ကလည်းတော်တော်ကြာတာမလို့ Among Us ဂြိုလ်သားလေးတွေနဲ့ Battle Royal ထဲမှာသောင်းကျန်းချင်သူတွေအတွက် လုံးဝရှယ်ပါပဲ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။