ဘာလိုလိုနဲ့ ၂၀၂၂ တောင် ၃ လ ပိုင်းထဲ ရောက်လာပြီ။ မကြာခင် သင်္ကြန်ပိတ်ရက်ရောက်တော့မယ်။ ဒီနှစ်တော့ တော်တော်များများ အိမ်တွင်းပုန်းကြမယ် ထင်ပါတယ်။ ဒါကြောင့် ပိတ်ရက်ရှည်လေးမှာ နားနားနေနေ အပျင်းပြေ ကြည့်နိုင်ဖို့ ဧပြီမှာ အသစ်ထွက်မယ့် ကိုရီးယားကားလေး ၅ ကားကို ဖော်ပြပေးသွားပါမယ်နော်။

1. Again My Life

ဒါက အားလုံးရဲ့ အချစ်ဦး အိုပါး လီဂျွန်ကီ ပါဝင်မယ့် ဇာတ်လမ်းလေးပါ။ မတရားအသတ်ခံလိုက်ရပေမဲ့ ကံကောင်းစွာ အသက်ပြန်ရှင်လာပြီး လူသတ်ကောင်ကို ဖော်ထုတ်မယ့် ဇာတ်လမ်းလို့ သိရပါတယ်။ စိတ်ဝင်စားစရာကြီးနော်။

2. Green Mothers' Club

မမအရွယ်၊ အန်တီအရွယ်လေးတွေ အကြိုက်တွေ့မယ့် ဇာတ်ကားကောင်းလေးကို ပြပါဆိုရင် ဒီကားလေး ဖြစ်ပါလိမ့်မယ်နော်။ တစ်ရပ်ကွက်ထဲ အတူနေကြတဲ့ ကလေးမေမေ ၅ ယောက်ရဲ့ ခင်မင်မှု၊ သံယောဇဥ်အကြောင်း ပေါ့ပေါ့ပါးပါးလေး ရိုက်ထားတာ ဖြစ်ပါတယ်။

3. Love All Play

လိပ်ပြာကြည့်တဲ့ နာဘီမတို့ ဇာတ်ကားထဲက အာလူးလေးကို မှတ်မိကြလား? အဲဒီထဲမှာ ဒုတိယဇာတ်လိုက်ဖြစ်ခဲ့ရတဲ့ မင်းသားလေး ချယ်ဂျောင်ဟော့ကို ကြက်တောင်အားကစားသမားလေးအနေနဲ့ တွေ့ရမယ့် ဇာတ်ကားလေးပါတဲ့နော်။ ကြက်တောင်လောကမှာတောင် အချင်းချင်း မနာလို၊ ပြိုင်ဆိုင်တာတွေ၊ ချောက်ချတာတွေ ရှိကြောင်းကို မင်းသားချောချောလေးပါဝင်ပြီး ရိုက်ပြထားတာပါ။

4. Monstrous

ဒါကကျ အဆန်း။ Hellbound နဲ့ Train To Busan ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာကြီးရဲ့ လက်ရာဖြစ်ပြီး ထူးဆန်းအံ့သြဖွယ်ရာ ဇာတ်လမ်းနဲ့ plot twist ကြိုက်တဲ့ သူတွေ အသည်းခိုက်မယ့် ကားဖြစ်ပါတယ်။ Hospital Playlist ထဲက မင်းသမီးလေးကို ချစ်ရင် ကြည့်နော်။

5. Our Blues

စိတ်ကို လုံးဝ အနားပေးချင်တယ်၊ ခရီးထွက်ရသလို ဖီးလ်လေး ရချင်တယ်ဆိုရင် သေချာပေါက် ဒီကားကို ကြည့်ကြည့်ပါ။ ဂျယ်ဂျူကျွန်းက လူတွေရဲ့ ဘဝကို မယ်လိုဒရာမာ ပုံစံ ပျော်စရာ ငြိမ့်ငြိမ့်လေး ရိုက်ထားတာပါ။ ပါမယ့် မင်းသား မင်းသမီးတွေကတော့ ရှယ်ပါပဲ။ ဦးဦး လီဗြောင်ဟွန်း၊ Hometown Cha Cha Cha ထဲက မင်းသမီး ရှင်မင်းအာနဲ့ သူ့ချစ်သူ ကင်ဝူဘင်း၊ ဟန်ဂျီမင်း အပါအဝင် နာမည်ကြီးတွေပါပဲ။ တကယ်ကြည့်ရတာ healing ဖြစ်စေမယ့် ဇာတ်လမ်းလေးပါ။

Ref : https://www.nme.com/en_asia/features/must-watch-k-dramas-look-forward-april-2022-3190210

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။