PUBG ရဲ့ Developer ဖြစ်တဲ့ Krafton ဟာ Crypto နဲ့ Blockchain ကုမ္ပဏီတစ်ခုဖြစ်တဲ့ Solana Labs ဆိုတဲ့ကုမ္ပဏီနဲ့ လက်တွဲစာချုပ်ချုပ်ဆိုလိုက်ပါတယ်။ဒါကြောင့်နောက်ဆို Krafton ရဲ့ဂိမ်းတွေထဲမှာ Blockchain ဂိမ်းတွေ၊NFT ဂိမ်းတွေပါလာနိုင်ပါတယ်။PUBG နဲ့ပတ်သက်တဲ့ NFT တွေကိုလည်းမြင်ရနိုင်ခြေရှိပါတယ်။

Photo via Krafton

ကုမ္ပဏီနှစ်ခုဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က စာချုပ်ချုပ်ဆိုခဲ့တာပါ။သဘောတူညီချက်ထဲမှာပါဝင်တာတွေကတော့ Krafton ကထုတ်လုပ်တဲ့ဂိမ်းတွေကနေ NFT တွေပေးဖို့အတွက် Solana Labs ကလုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။NFT တွေပေးတဲ့ဂိမ်းတွေကို Play to earn ဂိမ်းတွေလို့ခေါ်ပါတယ်။အဲ့ဂိမ်းတွေမှာဆို ဂိမ်းဆော့ရင်းရတဲ့ ဆုလက်ဆောင်တွေက ရိုးရိုး in game item တွေမဟုတ်ပဲ NFT တွေဖြစ်ပြီး ကစားသူတွေဟာ အဲ့ဒီ NFT တွေကိုပြန်လည်ရောင်းချရင်း ပိုက်ဆံရနိုင်မှာဖြစ်ပါတယ်။

Photo via Solana Labs

Solana Labs ကတော့ Solana blockchain ကိုတည်ထောင်တဲ့ကုမ္ပဏီပါ။အဆိုပါ blockchain ဟာ Developer တွေအများကြီးနဲ့လက်တွဲထားပြီး Cryptocurrency တွေထဲကဆရာတစ်ဆူဖြစ်တဲ့ Ethereum ကိုပါယှဥ်ပြိုင်နေတဲ့ Crypto တစ်ခုဖြစ်ပါတယ်။

Photo via Krafton

Blockchain ဂိမ်းတွေဆိုတာကတော့ ကစားသူတွေဟာ ဂိမ်းတွေဆော့၊အနိုင်ယူပြီးတဖြည်းဖြည်းနဲ့ NFT တို့၊Cryptocurrency တို့လိုတခြား Market တွေမှာပြန်လည်ရောင်းချနိုင်တာတွေကို ဆုလက်ဆောင်တွေအဖြစ်ရရှိမှာပါ။ဒါကြောင့်နောက်ပိုင်းကျရင် Krafton ကထုတ်လုပ်မဲ့ဂိမ်းအသစ်တွေသာမက PUBG ထဲမှာလည်း Skin တွေ၊တခြား Item တွေကို NFT တွေအဖြစ်ရရှိနိုင်မှာပါ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။