Snoop Dogg ဆိုရင်တော့ သီချင်းတွေဖန်တီးတဲ့နေရာမှာ အရမ်းတော်တဲ့ Music Legend ရက်ပ်ပါကြီးဆိုတာသိကြမှာပါ။သူဟာဂိမ်းတွေကိုလည်း ကြိုက်နှစ်သက်ပြီး အသည်းအသန်ကစားတတ်သူဖြစ်ပါတယ်။ခုဆိုရင်တော့ Snoop Dogg ကြီးဂိမ်းဆော့တာကိုပဲ ကြည့်နေရမှာမဟုတ်တော့ပဲ ကိုယ်တိုင်သူ့ဇာတ်ကောင်ကိုကိုင်ပြီး ဂိမ်းဆော့နိုင်တော့မှာပါ။

Activision ဟာ Snoop Dogg ကြီးရဲ့ကာရိုက်တာကို Operator Skin အဖြစ်နဲ့ Warzone နဲ့ Call of Duty Mobile တို့မှာထည့်သွင်းပေးသွားမှာလို့သိရပါတယ်။Call of Duty တွစ်တာအကောင့်ကနေတဆင့် မတ်လ ၁၈ ရက်နေ့က “တိုက်ပွဲထဲမှာဒီ Dogg Tags တွေကိုပြန်ထည့်ထားပါတယ်။သူတို့ဘယ်သူတွေလဲမှတ်မိကြလား”ဆိုတဲ့ Caption နဲ့ရေးတင်ထားပါတယ်။Dog လို့သုံးရမဲ့နေရာမှာ Dogg ဆိုပြီးသုံးထားတာပါ။တင်ထားတဲ့ Video ထဲမှာတော့ Call of Duty Vanguard နဲ့ Warzone တို့အပြင် ရက်စွဲတစ်ခုပါတဲ့ Tag ပြားလေးကိုမြင်ရပြီး နောက်တစ်ခုပေါ်မှာကတော့ Call of Duty Mobile နဲ့ရက်စွဲတစ်ခုကိုမြင်ရပါတယ်။

Photo via Call of Duty

Background အသံထဲမှာတော့ Snoop Dogg ကြီးချောင်းဟန့်ပြီး Damn လို့အော်နေတဲ့အသံကိုကြားကြရမှာပါ။ဒါကြောင့်သူနဲ့ပတ်သက်တဲ့ Content တွေပါဝင်လာဖို့ သေချာသွားပြီဖြစ်ပြီး လာမဲ့ဧပြီလ ၁ ရက်နေ့မှာ COD Mobile ပေါ်ရောက်လာမယ်ဆိုတာကလည်း သေချာသွားပါပြီ။တခြားဘယ်လို Event တွေနဲ့ဘယ်လိုပစ္စည်းတွေပါဝင်လာမလဲ၊ဘယ်လိုပုံစံလဲဆိုတာမသိရသေးပေမဲ့ Operator skin တစ်ခုပါမှာကတော့လုံးဝသေချာပါတယ်။ပြီးတော့ဒါဟာ COD ရဲ့ Colleboration တွေထဲမှာ အကောင်းဆုံးတွေထဲကတစ်ခုဖြစ်လာမှာပါ။

Photo via BillBoard

ဒါဟာ  Snoop Dogg ပထမဆုံး COD နဲ့ပူးပေါင်းတာမဟုတ်ပဲ အရင်တုန်းက Call of Duty:Ghosts အတွက် သူအသံသရုပ်ဆောင်ပေးဖူးပါတယ်။သူကိုယ်တိုင်ကလည်း ဂိမ်းဆော့ဖို့ အရမ်းစိတ်အားထက်သန်သူဖြစ်ပြီး သူဆော့တာကိုသူ့ရဲ့ Twitch Channel မှာပြသလေ့ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။