မိုဘိုင်း Battle royal ဂိမ်းတစ်ခုဖြစ်တဲ့ PUBG New State ဟာနောက်ထပ်အလန်းစား Colleboration တစ်ခုကိုချပြလိုက်ပြန်ပါပြီ။McLaren ကားထုတ်လုပ်ရေးကုမ္ပဏီနဲ့ပူးပေါင်းတဲ့ Colleboration ဖြစ်ပါတယ်။ဒီပူးပေါင်းမူဟာ မတ်လ ၁၇ ရက်နေ့ကနေ ဧပြီလ ၄ ရက်နေ့ထိရှိနေမှာဖြစ်ပါတယ်။ထူးထူးခြားခြားပါဝင်လာမှာတွေကတော့ McLaren ရဲ့  765LT မော်ဒယ်တွေအားလုံးကိုမြင်ရမှာပါ။McLaren ရဲ့ Longtail စီးရီးထဲမှာနောက်ဆုံးထွက်ထားတဲ့ ကားမော်ဒယ်တွေဖြစ်ပြီး LT မော်ဒယ်တွေထဲမှာအကောင်းဆုံး ကားတွေလည်းဖြစ်ပါတယ်။

Photo via McLaren

New State ဟာအရင်တုန်းက လျှပ်စစ် Sportcar တွေထုတ်လုပ်တဲ့ Rimac Autonobili နဲ့ Nier Automata ဆိုတဲ့ကားကုမ္ပဏီတွေနဲ့ပူးပေါင်းတာတွေရှိခဲ့ဖူးပါတယ်။McLaren ကလည်း BGMI နဲ့ PUBG Mobile တို့နဲ့အတူ Collab လုပ်ဖူးခဲ့ပါတယ်။

Event ရျိနေတဲ့အချိန်အတောအတွင်းမှာ ကစားသူတွေဟာ အမျိုးမျိုးသော McLaren 765LT ပုံးတွေကနေတဆင့် အထူးလက်ဆောင်တွေအများကြီးကိုရရှိမှာပါ။အဲ့အပြင်တိုက်ပွဲထဲမှာအသုံးပြုနိုင်ဖို့  765LT ကားစကင်တွေကိုပါ အများကြီးရရှိဦးမှာပါ။

Photo via Krafton

အဲ့ကားတွေဟာ McLaren Orange, Luminaire Green, Sunset Orange, Thunderbolt Blue တို့ဖြစ်ပြီး New State သီးသန့်အရောင်တစ်မျိုးလည်းပါဝင်ပါတယ်။Trio မြေပုံမှာရော၊Erangle မြေပုံမှာရော ဒီကားတွေကိုအသုံးပြုနိုင်မှာပါ။ဒါပေမဲ့ဒီကားစကင်တွေရရှိဖို့ဆိုရင် ကစားသူတွေဟာ In Game ပိုက်ဆံတော်တော်များများကို အသုံးပြုရမှာဖြစ်ပါတယ်။ဒီလိုစကင်တွေကစေ◌ျးကြီးပြီး လွယ်လွယ်နဲ့မရတတ်တာကတော့ သဘာဝပါပဲ။

ကားတွေကတော်တော်လေးမိုက်လို့ ရရင်တော့တကယ်ကောင်းပါတယ်။ပုံမှန် Event တွေမှာဆို လက်နက်တွေ၊လူစကင်တွေပဲတွေ့ရတာများပြီး ကားအတွက်စကင်ကတကယ်ကိုရှားပါတယ်။ဒါကြောင့် ကားစကင်အလန်းစားတွေနဲ့ အရမ်းမိုက်ချင်ရင်တော့ ဧပြီလ ၄ ရက်နေ့မတိုင်ခင် ဂိမ်းကိုဝင်စစ်ကြည့်ကြပါဦး။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။