ဖုန်းကိုရိုက်ခွဲပစ်ရချင်လောက်အောင် ‌လောင်ရတဲ့ဂိမ်းတွေဟာ ဆော့ရတာရသမျိုးစုံခံစားရစေပြီး အချိန်ဖြုန်းရတာလည်းကောင်းပါတယ်။ဆော့နေရင်းတောက်လျှောက်လောင်နေရလွန်းလို့ တခြားဘာကိုမှသတိမရနိုင်ပဲ စိတ်ကဂိမ်းထဲပဲ သည်းကြီးမည်းကြီးအာရုံရောက်နေမှာပါ။အဲ့လိုဂိမ်းတွေထဲကမှ ဂိမ်းနာမည်ကြားလိုက်တာနဲ့ကို စိတ်ညစ်သွားစေမဲ့ ဂိမ်းတစ်ခုရှိပါတယ်။The Impossible Game 2 ဆိုတဲ့ဂိမ်းပါ။

Photo via FlukeGames

ဂိမ်းနာမည်အတိုင်းပဲ ဆော့ရတာတော်တော်လေးခက်ပြီး တော်တော်လေးလောင်ရတဲ့ဂိမ်းဖြစ်ပါတယ်။ဂိမ်းအမျိုးအစားကတော့ တီးလုံးသံအလိုက် ခုန်နေရမဲ့ဂိမ်းပါ။လမ်းမှာအခက်အခဲတွေ၊အတားအဆီးတွေအများကြီးကိုတွေ့ရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့သွက်သွက်လက်လက်စကေးကို ရှယ်ပြရမဲ့ဂိမ်းဖြစ်ပါတယ်။ Level တွေအများကြီးပါဝင်ပြီး တစ်ခုချင်းစီမှာ မတူညီတဲ့လမ်းကြောင်းတွေ၊တီးလုံးသံတွေ၊စတိုင်တွေကိုမြင်ရမှာဖြစ်ပါတယ်။

Photo via FlukeGames

ထောင်ချောက်တွေပေါ်မှာလိုက်ခုန်၊လမ်းမှာရှိတဲ့သေနတ်တွေကိုယူ၊ရန်သူတွေကိုနှိမ်နင်းယုံသာမက Boss တွေကိုပါတိုက်ခိုက်ရဦးမှာပါ။Level ‌ပေါင်း ၁၂ ခုလောက်ရှိပြီး Online mode တွေကတော့ ကြိုက်သလိုကစားနိုင်ပါတယ်။

Photo via FlukeGames

ဂိမ်းထဲကလမ်းကြောင်းကို ကိုယ်ကြိုက်သလိုပြင်ဆင်လို့လည်းရနိုင်ပါသေးတယ်။ထောင်ချောက်တွေ၊အတားအဆီးတွေအများကြီးကို ကိုယ်ကကြိုက်သလိုနေရာပြန်ချပြီး ကိုယ့်ကိုကိုယ်စိန်ပြန်ခေါ်ရမှာပါ။တည်ဆောက်ထားပြီးတဲ့ လမ်းကြောင်းတွေပေါ်မှာ ကိုယ့်ရဲ့မိတ်ဆွေတွေ၊သူငယ်ချင်းတွေပါ ခေါ်ယူဆော့ကစားနိုင်ပါတယ်။ဒီဂိမ်းရဲ့နောက်ထပ်ထူးခြားတာတစ်ခုကတော့ Battle royal mode ပါဝင်တာပါ။

Photo via FlukeGames

လမ်းကြောင်းတစ်ခုတည်းပေါ်မှာ ကစားသမားပေါင်း ၆ ယောက်နဲ့အတူတူဆော့ကစားရမှာြဖစ်ပါတယ်။အဲ့လိုနဲ့ကြားထဲမှာ ပြုတ်ကျတဲ့သူကပြုတ်ကျပြီး နောက်ဆုံးကျန်ရစ်ခဲ့သူကအနိုင်ရရှိမှာဖြစ်ပါတယ်။သီချင်းတွေမှာတော့ Panda eyes,Nitro Fun နဲ့ MDK တို့ဆီကသီချင်းတွေအပြင် တခြားသီချင်းတွေအများကြီးကိုနားထောင်ရမှာပါ။

Photo via FlukeGames

ဒီဂိမ်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကမှ ထုတ်ပေးထားတာမလို့ မိုဘိုင်းအတွက်တော့ဂိမ်းအသစ်စက်စက်လို့ပြောနိုင်ပေမဲ့ တကယ်တော့ The Impossible Game ပရိသတ်အစစ်တွေဟာ ဒီဂိမ်းကိုစောင့်ခဲ့ရတာ ဆယ်နှစ်ကျော်ရှိပြီဖြစ်ပါတယ်။ဆော့ရတာစိန်ခေါ်မူများပြီး အချိန်ဖြုန်းလို့ကောင်းတဲ့အပြင် သူငယ်ချင်းတွေကြားမှာ ပြိုင်ဆော့လို့ကောင်းတဲ့ဂိမ်းဖြစ်တာကြောင့် ဆော့သင့်တဲ့ အလောင်ဂိမ်းတစ်ခုဖြစ်ပါတယ်လို့ Recommend ပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။