အရင်ကလေးဘဝတုန်းကဆော့ခဲ့ကြတဲ့ Classic Angry Birds ဂိမ်းကိုနောက်တစ်ခေါက်ပြန်လည်ထုတ်လုပ်မယ်လို့ Rovio ကုမ္ပဏီကအတည်ပြုလိုက်ပါတယ်။ကုမ္ပဏီရဲ့မန်နေဂျာစကားအရဆို ကြားထဲမှာဘာအခက်အခဲမှမရှိရင်  အဲ့ဒီဂိမ်းဟာ မတ်လ ၃၁ ရက်နေ့မှာထွက်ရှိလာမယ်လို့သိရပါတယ်။

Photo via Rovio

၂၀၁၂ ခုနှစ်ကဂိမ်းအဟောင်းလိုပဲ ဒီဂိမ်းကိုလည်း ပိုက်ဆံပေးဝယ်ပြီးကစားရမှာပါ။ဒီဂိမ်းမှာတော့ အထဲမှာတခြားပစ္စည်းတွေထပ်ဝယ်စရာမလို၊ကြော်ညာတွေလည်းပါမှာမဟုတ်ပဲ အရင်ဂိမ်းကိုဆော့ရတဲ့ခံစားမူအတိုင်းရရှိစေမယ်လို့သိရပါတယ်။ကျသင့်ငွေကတော့ ၀.၉၉ ဒေါ်လာသာရှိတာကြောင့် မြန်မာငွေ ၂၀၀၀ လောက်သာကျသင့်မှာဖြစ်ပါတယ်။အရင်ဂိမ်းမှာတုန်းက ပိုက်ဆံပေးဝယ်ရတဲ့ Mighty Eagle ကြီးကို ဒီမှာတော့အခမဲ့ရရှိမှာပါ။အဲ့ကောင်ကြီးဟာ အစွမ်းကြီးလွန်းတာမလို့ level တွေအားလုံးကိုသူတစ်ကောင်တည်းနဲ့ အပြတ်ရှင်းနိုင်တဲ့ကောင်ကြီးပါ။

Photo via Rovio

ဟိုးအရင်ကတည်းက မိုဘိုင်းဂိမ်းတွေကိုဆော့လာကြသူတွေဆို Angry Birds ဂိမ်းတွေက ဘယ်လောက်ဆော့လို့ကောင်းလဲဆိုတာသိကြမှာပါ။ဒါပေမဲ့အဲ့အချိန်တုန်းက Rovio ကဂိမ်းတွေကိုအခမဲ့ပေးဆော့ပြီး ကြော်ညာတွေအများကြီးကြည့်ခိုင်းခဲ့တာကြောင့် နောက်ပိုင်းမှာ ကစားသူတော်တော်များများကို ဆုံးရှုံးခဲ့ရပါတယ်။

Photo via Rovio

ဒီဂိမ်းဟာနဂိုပုံစံအတိုင်းထွက်လာမယ်ဖြစ်တာကြောင့် ရုပ်ထွက်ကလည်း Classic ပုံစံလေးပဲလာမှာဖြစ်တာကြောင့် အရင်လိုဂိမ်းဆော့ရတဲ့ခံစားမူကို ပြန်လည်ခံစားရမှာဖြစ်ပါတယ်။ကြားထဲမှာလည်း ဘာအခက်အခဲမှမရှိလောက်ဘူးလို့ ခန့်မှန်းရတာကြောင့် မတ်လ ၃၁ ရက်နေ့ထွက်လာမယ်ဆိုတာ သေချာသလောက်ရှိပါတယ်။ကုန်ကျဖို့လည်း သိပ်မများတာမလို့ ထွက်လာချိန်ကျမှ ဂိမ်းလေးကိုဝယ်ဆော့ပြီး အရင်တုန်းကဆော့ခဲ့ရတဲ့အမှတ်တရလေးတွေကို ပြန်ခံစားကြည့်လိုက်ကြပါဦး။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။