Call of Duty:Mobile ဟာ‌ ၂၀၂၂ ခုနှစ်အတွက် World Championship စတင်မဲ့ဖြစ်ကြောင်းကို မတ်လ ၁၄ ရက်နေ့ကကြေညာခဲ့ပါတယ်။ဒီပြိုင်ပွဲဟာ E-sport အသင်းတွေ၊အဖွဲ့တွေအတွက်မဟုတ်ပဲ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကစားသူတွေဝင်ရောက်ယှဉ်ပြိုင်နိုင်မဲ့ပွဲဖြစ်ပါတယ်။

2022 World Championship Trailer

မတ်လ ၃၁ ရက်နေ့မှာစတင်မဲ့ပွဲဟာ ကြေညာချက်အရ ဒီပြိုင်ပွဲအတွက်ဆုကြေးငွေ ဒေါ်လာနှစ်သန်းကျော်သုံးစွဲမှာဖြစ်ပြီး Call of Duty:Mobile World Championship သမိုင်းတစ်လျှောက် တစ်ပွဲတည်းမှာပေးခဲ့တဲ့ အများဆုံးဆုငွေပမာဏဖြစ်တယ်လို့သိရပါတယ်။ဆုကြေးငွေထဲ ဒေါ်လာ ၁.၇ သန်းကတော့ Final ပွဲတွေအတွက်ဆုငွေဖြစ်လာမှာပါ။

Photo via Activision

ကစားသူတွေအားလုံးဟာ လက်နက်အသစ်တွေနဲ့ အော်ပရေတာအသစ်တွေအပါအဝင် ဂိမ်းထဲကဆုလက်ဆောင်‌အများအပြားရရှိမှာဖြစ်ပါတယ်။အော်ပရေတာဆိုတာဂိမ်းဇာတ်ကောင်တွေကိုပြောတာပါ။အဲ့အပြင် Prize Pool တစ်ခုပါ ပါဝင်ဦးမယ်လို့သိရပါတယ်။

2022 World Championship ရဲ့ Rodemap(Photo via Activision)

ကစားသူတွေအားလုံးအညီအမျှဖြစ်စေဖို့အတွက် ဒီပြိုင်ပွဲမှာ အဆင့်အလိုက် ခွဲထားကြောင်းသိရပါတယ်။ပါဝင်ယှဉ်ပြိုင်ဖို့စာရင်းပေးသွင်းသူအားလုံးဟာ Frame အသစ်တွေနဲ့ Calling ကဒ်တွေရရှိမှာဖြစ်ပါတယ်။ပြိုင်ပွဲကိုနေရာဒေသအသီးသီးအလိုက် အဆင့်တစ်ကနေစလို့ ရှုံးထွက်အဆင့်တွေနဲ့ကျင်းပသွားမှာပါ။

Ranked Multiplayer မှ Rank အဆင့်များ (Photo via Activision)

ပြိုင်ပွဲစတင်တဲ့ မတ်လ ၃၁ ရက်နေ့ကစလို့ ဧပြီလ ၂၄ ရက်နေ့ထိ Ranked Multiplayer ပွဲ ၁၀ ပွဲအနိုင်ရရှိပြီး အမှတ် ၆၀ ရထားတဲ့ ကစားသမားတွေဟာ အဆင့်နှစ်ကိုတက်လှမ်းနိုင်မဲ့အပြင် အပတ်စဉ်ဆုလက်ဆောင်တွေလည်းရရှိဦးမှာလို့ ထုတ်ပြန်ချက်ထဲမှာပါဝင်ပါတယ်။

သတင်းအရင်းမြစ်: Activision ရဲ့ထုတ်ပြန်ချက်အပြည့်အစုံ

ဒီပြိုင်ပွဲဟာ မတ်လကုန်မှာစတင်မှာဖြစ်ပါတယ်။အချိန်တွေအများကြီးကျန်သေးလို့ ကိုယ့်စကေးတက်လာအောင် လေ့ကျင့်ချိန်ရပါသေးတယ်။ဆုကြေးငွေကလည်းတော်တော်များတဲ့ပမာဏဖြစ်တဲ့အပြင် ကစားသမားတွေအားလုံးထဲမှာ အတော်ဆုံးသတ်မှတ်ခံရမဲ့ဂုဏ်ပုဒ်ကြောင့် ဝင်ရောက်ယှဉ်ပြိုင်သင့်တဲ့ပြိုင်ပွဲပါ။Call of Duty:Mobile Global ဗားရှင်းမှာပဲရမလား၊တခြားဗားရှင်းတွေမှာရော ရမလားဆိုတော့မသိရသေးပါဘူး။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။