ရုရှားနိုင်ငံရဲ့ Play Store နဲ့ App Store ပေါ်ကနေ Minecraft ဂိမ်းဖယ်ရှားလိုက်ပြီးတဲ့နောက် နာမည်ကြီးဂိမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Supercell ကလည်းသူတို့ရဲ့ဂိမ်းတွေကို ရုရှားနဲ့ဘီလာရုစ်နိုင်ငံတွေရဲ့ Store တွေပေါ်ကနေဖယ်ရှားမယ်လို့ ကြေညာလိုက်ပါတယ်။

Supercell ရဲ့ထုတ်ပြန်ချက်

ဂိမ်းတွေကို ဒေါင်းလုပ်အသစ်ရယူနိုင်တော့မှာမဟုတ်သလို လက်ရှိကစားနေသူတွေကလည်း မကြာခင်မှာ Update တစ်ခုလာပြီးရင် ဆက်ကစားလို့မရတော့တာကြောင့် အဲ့နှစ်နိုင်ငံမှာ Clash of Clans,Clash Royale,Brawl Stars တို့အပါအဝင်တခြား Supercell ကဂိမ်းတွေအားလုံးကိုကစားနိုင်မှာမဟုတ်တော့ပါဘူး။အဲ့အပြင် Supercell ဟာယူကရိန်းနိုင်ငံတွင်း လူသားချင်းဆိုင်ရာအကူအညီတွေအတွက် ‌ဒေါ်လာလေးသိန်းကျော်ကိုပါလှူဒါန်းခဲ့ပါတယ်။

Supercell ဖယ်ရှားလိုက်တဲ့ဂိမ်းများ

Respawn ကလည်း Apex Legend နဲ့ Battlefield တို့စမ်းသပ်ဖြန့်ချီမူကို ရုရှားနိုင်ငံမှာ ရပ်ထားခဲ့ပါတယ်။Apex Legends ဆိုရင်ခုချိန်တခြားနိုင်ငံတွေမှာ ကစားလို့ရနေပါပြီ။

Photo via Respawn

နာမည်ကြီး Angry Birds ဂိမ်းတွေကိုထုတ်လုပ်တဲ့ Rovio ကုမ္ပဏီကလည်း ရုရှားနိုင်ငံထဲမှာဝန်ဆောင်မူတွေရပ်နားလိုက်ပြီး ရုရှား Play Store နဲ့ App Store ကဂိမ်းတွေအားလုံးကိုဖယ်ပစ်လိုက်ပါတယ်။ရုရှားတစ်နိုင်ငံတည်းမဟုတ်ပဲ ဘယ်လာရုစ်နိုင်ငံပါပါဝင်ပါတယ်။လက်ရှိကစားနေသူတွေကတော့ ဂိမ်းထဲမှာဘာ item မှဝယ်လို့မရတော့မဲ့အပြင် Update အသစ်တွေလည်းထပ်မရနိုင်တော့ပါဘူး။

Rovio ရဲ့ထုတ်ပြန်ချက်

Rovio ဟာရုရှား၊ဘီလာရုစ်နဲ့ ယူကရိန်းနိုင်ငံတွင်း ကြောညာဝန်ဆောင်မူကရရှိတဲ့ပိုက်ဆံတွေကို UNICEF တို့လိုအဖွဲ့အစည်းတွေကနေတဆင့် ယူကရိန်းနိုင်ငံအတွက် လှူဒါန်းသွားမှာပါ။

Rovio ဖယ်ရှားလိုက်တဲ့ဂိမ်းများ

မတ်လ ၁၃ ရက်နေ့အထိရရှိတဲ့သတင်းတွေအရ ရုရှားနဲ့ဘီလာရုစ်မှာ နောက်ဆုံးအနေနဲ့ဖယ်ရှားခဲ့တဲ့ဂိမ်းကတော့ Niantic ရဲ့ Pokémon Go ဖြစ်ပါတယ်။ Niantic ရဲ့ထုတ်ပြန်ချက်တစ်ခုမှာ ကြမ်းတမ်းမူတွေနဲ့ ဒုက္ခတွေမပါပဲ တစ်ခုခုအဖြေရှာနိုင်ကြပါစေလို့မျှော်လင့်ကြောင်းရေးသားထားပြီး ရုရှားနဲ့ဘီလာရုစ်နှစ်နိုင်ငံမှာ Pokémon Go ဂိမ်းကိုရော၊App ကိုပါဝန်ဆောင်မူတွေရော၊လုပ်ငန်းလည်ပတ်မူတွေရော အကုန်ရပ်နားထား‌ကြောင်းသိရပါတယ်။

Niantic ရဲ့ထုတ်ပြန်ချက်

တခြားကုမ္ပဏီ‌တွေလိုပဲ Niantic ကလည်း ယူကရိန်းဒုက္ခသည်တွေအတွက် ဒေါ်လာနှစ်သိန်းကို လူမူထောက်ပံ့ရေးအဖွဲ့အစည်းတွေကနေတိုက်ရိုက်လှူဒါန်းခဲ့ပြီး အဲ့မတိုင်ခင်ကလည်း ဝန်ထမ်းတွေစုပြီးဒေါ်လာ ၇၅၀၀၀ လှူဒါန်းခဲ့ပါသေးတယ်။

Photo via Niantic 

လက်ရှိဒီနာမည်ကြီးဂိမ်းကုမ္ပဏီတွေက သူတို့ဂိမ်းတွေကိုရပ်ဆိုင်းထားကြတာဖြစ်ပြီး တခြားဂိမ်းကုမ္ပဏီတွေလည်း နောက်ပိုင်းမှာဒီလိုမျိုးတွေထပ်လုပ်လာနိုင်ပါတယ်။


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။