မိုဘိုင်းဖုန်းပေါ်မှာ စက်ဘီးအလှပြတဲ့ဂိမ်းတွေ၊စက်ဘီးပြိုင်ပွဲဂိမ်းတွေအများကြီးရှိပါတယ်။ဂိမ်းတစ်ခုနဲ့တစ်ခုကလည်း တူညီတာတွေ၊မတူညီတာတွေများစွာရှိကြပါတယ်။တချို့ဂိမ်းတွေက ပြိုင်တာ‌ကိုအသားပေးပေမဲ့ တချို့တွေကတော့ စတန့်ပြတာတွေကို ဦးစားပေးကြပါတယ်။တစ်ခုနဲ့တစ်ခုလည်းဆော့ရတဲ့ Experience မတူကြပါဘူး။ဒီတစ်ခေါက်ပြောပြပေးသွားမဲ့ဂိမ်းလေးကတော့ Mad Skills BMX 2 ဖြစ်ပါတယ်။ဒီဂိမ်းကတော့ ပြိုင်ပွဲကိုဦးစားပေးတဲ့ဂိမ်းလို့ပြောနိုင်ပါတယ်။တောက်လျှောက်ပြိုင်ပွဲတွေပဲပြိုင်ရမှာဖြစ်ပေမဲ့ စကေးအလန်းတွေပြရတဲ့ Mission တွေပါဝင်ပါသေးတယ်။

ဂိမ်းဆော့ရမဲ့ပုံစံကတော့ လမ်းကြောင်းတန်းတန်းကြီးပေါ်မှာ စက်ဘီးကိုထိန်းချုပ်ရမှာပဲဖြစ်ပါတယ်။စက်ဘီးက အလိုလိုအရှိန်တက်နေမှာဖြစ်ပြီး အဲ့ဒီအရှိန်မကျသွားအောင် လမ်းပေါ်မှာစက်ဘီးကိုထိန်းကျောင်းပေးရမှာပါ။ရှေ့ကိုတိုးတဲ့ခလုပ်နဲ့ နောက်ကိုဆုတ်တဲ့ခလုပ်ဆိုပြီးခလုပ်နှစ်ခုပါဝင်ပါတယ်။လမ်းကတန်းတန်းဆိုပေမဲ့ လမ်းအချောကြီးဖြစ်မှာမဟုတ်ပါဘူး။မြင့်လိုက်နိမ့်လိုက်နဲ့ လမ်းကြမ်းပုံစံဖြစ်နေတဲ့အတွက် လိုအပ်သလို စက်ဘီးကိုရှေ့နောက်ထိန်းညှိပေးရမှာဖြစ်ပြီး မိုးပေါ်မြှောက်သွားပြီးလို့ လမ်းပေါ်ပြန်ကျတဲ့အချိန်တွေမှာ သေချာမထိန်းသိမ်းနိုင်ရင် အရှိန်သေသွားမှာဖြစ်ပါတယ်။

ပြိုင်ဖက်အနေနဲ့ကတော့ တစ်ပွဲမှာတစ်ယောက်ပဲရှိပါတယ်။အစပိုင်းတွေမှာ ရိုးရိုးကစားသူတွေနဲ့ပဲပြိုင်ရမှာဖြစ်ပေမဲ့ Level ကြီးတစ်ခုပြီးတိုင်းမှာ Boss တစ်ယောက်ပါမှာပါ။အဲ့ဒီ Boss တွေကိုအနိုင်ရရှိရင်တော့ သူတို့စီးတဲ့စက်ဘီးတွေကို ဆုအဖြစ်ရရှိမှာပါ။စက်ဘီးတစ်ဘီးချင်းဟာ တဖြည်းဖြည်း အဆင့်ပိုပိုမြင့်လာမှာဖြစ်ပြီး ကိုယ့်မှာရှိနေတဲ့စက်ဘီးကိုလည်း မျိုးစုံအဆင့်မြှင့်တင်နိုင်ပါတယ်။ဆော့ကစားနိုင်တဲ့ Mode တွေအနေနဲ့ကတော့ Career mode,Challenge mode,Jam နဲ့ Versus တို့ပါဝင်ပါတယ်။ဒီဂိမ်းရဲ့ထူးခြားချက်ကတော့ Control နည်းနည်းလေးနဲ့တင် မျိုးစုံလုပ်ပြနိုင်တာဖြစ်ပါတယ်။ဆော့နေရင်းနောက်ပိုင်း ကိုယ်ကျွမ်းရင်ကျွမ်းသလို ခလုပ်နှစ်ခုတည်းနဲ့အလှကွက်တွေပြနိုင်မှာပါ။

ဒီဂိမ်းကို Android မှာရော iOS ပေါ်မှာရောအခမဲ့ဒေါင်းလုပ်ရယူကစားနိုင်ပါတယ်။Storage size ကတော့ 276MB လောက်ရှိနိုင်ပါတယ်။အင်တာနက်လည်းမလိုတဲ့ Offline ဂိမ်းဖြစ်ပေမဲ့နောက်ပိုင်း level တွေကို‌တော့ အခန်းတစ်ခုချင်းစီဒေါင်းလုပ်ရယူကစားရမှာဖြစ်ပါတယ်။ဂိမ်းကရိုးရိုးလေးနဲ့ အချိန်ဖြုန်းလို့ကောင်းတဲ့အပြင်ဆော့ရတာလည်း တဖြည်းဖြည်းနဲ့ခက်ခဲလာမှာဖြစ်တာကြောင့် စိန်ခေါ်မူတွေကိုကြိုက်နှစ်သက်သူတွေအတွက်တော့ လုံးဝကွက်တိဖြစ်စေမဲ့ဂိမ်းလေးဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။