Mobile Gaming Industry မှာ Battle royale ဂိမ်းတွေအများကြီးပါ။တစ်ခုနဲ့တစ်ခုလည်းအားသာချက်၊အားနည်းချက်တွေမတူသလို ရရှိတဲ့စိတ်ခံစားမူချင်းလည်းမတူပါဘူး။အဲ့လိုမျိုးဂိမ်းတွေအများကြီးထဲကမှ ကွဲထွက်နေတဲ့ပုံစံနဲ့ Battle royal ဂိမ်းလေးတစ်ခုရှိပါတယ်။ချစ်စရာကောင်းတဲ့ရုပ်ထွက်လေးနဲ့ ဆော့ရတာပျော်ဖို့ကောင်းတဲ့ဂိမ်းပါ။

Photo Credit

ဂိမ်းရဲ့နာမည်က Sausage Man လို့အမည်ရပြီး နာမည်အတိုင်းပဲ ဝက်အူချောင်းလေးတွေ တိုက်ခိုက်ကြတဲ့ပုံစံနဲ့ပါ။အူတက်အောင်ခွီနေရမဲ့ Content တွေပါအများကြီးပါပါသေးတယ်။ဂိမ်းစစချင်း လေယာဉ်ပေါ်ကနေ ဆင်းကြပြီဆိုကတည်းက တစ်ယောက်ခြေထောက်ကိုတစ်ယောက်ကိုင်ထားပြီး လေထဲမှာတန်းလန်းကြီးမြင်ရမှာပါ။မြေပုံကတော့ တော်တော်လေးကိုကျယ်တာမလို့ အယောက် ၁၀၀ ထိတိုက်ခိုက်ကြတာတောင် တစ်ပွဲကိုမိနစ် ၃၀ နီးပါးလောက်ဆော့ကစားရမှာပါ။လက်ရှိဂိမ်းထဲမှာ Battle Island နဲ့ Rainbow Island ဆိုပြီးမြေပုံနှစ်ခုရှိပါတယ်။Team Deathmatch တွေ၊တခြား Mode တွေကိုလည်း အချိန်အကန့်အသတ်နဲ့ဆော့ကစားနိုင်ပါတယ်။

Photo Credit

သေနတ်တွေက တော်တော်များများစုံပြီး ရိုးရိုးသေနတ်တွေအပြင် Plasma Gun တွေလိုမျိုး Modern သေနတ်တွေလည်းပါဝင်ပါတယ်။သေနတ်နဲ့ပတ်သက်ပြီးထူးခြားတာက ဒီဂိမ်းဟာကာတွန်းပုံစံနဲ့ဂိမ်းမလို့ သေနတ်တွေက Recoil မပါဘူးထင်ရနိုင်ပေမဲ့ တကယ်တော Recoil တော်တော်လေး Real ဆန်တဲ့သေနတ်လို့တောင်ပြောလို့ရပါတယ်။Scope တွေ Mag တွေကိုလည်းစိတ်ကြိုက်ပြောင်းလဲတပ်ဆင်နိုင်ပါတယ်။သေနတ်ပိုင်းမှာတော့ ဒီဂိမ်းဟာတခြားနာမည်ကြီး Mobile Battle Royal ဂိမ်းတွေကိုယှဉ်နိုင်တယ်လို့ပြောရင်မမှားပါဘူး။

Photo Credit

ရုပ်ထွက်ကတော့ Polygon မကျတကျအရောင်စိုစိုရုပ်ထွက်ကိုခံစားရမှာဖြစ်ပြီး animation ပိုင်းမှာလည်း ကျည်တွေဘာတွေထွက်တာကအစ တော်တော်လေးအသေးစိတ်ကျပါတယ်။ရန်သူကို ကိုယ်က Knock out လိုက်ပြီဆို လဲသွားမှာမဟုတ်ပဲ လက်နက်တွေဘာတွေ ဘာမှမရှိတော့တဲ့ ဝက်အူချောင်းလေးအဖြစ်ပြောင်းလဲသွားမှာပါ။အဲ့ဝက်အူချောင်းလေးကို မပြီးကိုယ်သွားချင်တဲ့နေရာကိုခေါ်သွားတာတွေ၊ရေထဲပစ်ချတာတွေလုပ်ပြီး အနိုင်ကျင့်လို့ရပါတယ်။

Photo credit

Battle Pass လည်းဝယ်ယူနိုင်ပြီး တခြားကာတွန်းပုံစံနဲ့ ဇာတ်ကောင်လေးတွေအများကြီးရှိပါသေးတယ်။မျက်နှာပုံစံကပြောင်းသွားပေမဲ့ ခန္ဓာကိုယ်ကတော့ ဝက်အူချောင်း ခန္ဓာကိုယ်နဲ့ပါပဲ။Skin တွေကိုလည်း Event တွေ၊Achievement တွေကနေရရှိနိုင်ပြီး တချို့အရမ်းမိုက်တဲ့ Skin တွေကိုတော့ In Game ပိုက်ဆံနဲ့ပေးဝယ်ရမှာပါ။ကစားသူပေါင်း ၁၀ သန်းကျော်လောက်ရှိပြီး ရုပ်ထွက်ကသာကာတွန်းဆန်နေပေမဲ့ Gameplay ပိုင်းမှာ Pro Player တွေအများကြီးရှိတာမလို့ အနိုင်ရရှိဖို့ ထင်သလောက်မလွယ်တဲ့ Battle Royal ဂိမ်းတစ်ခုဖြစ်ပါတယ်။

ကိုယ်က Battle Royal ဂိမ်းတွေကိုကြိုက်တယ်၊တော်တော်များများကိုလည်းဆော့ဖူးပြီးသွားပြီမလို့ ထူးထူးခြားခြား ဂိမ်းတစ်မျိုးလောက်ကို စမ်းဆော့ချင်သူတွေအတွက် ကွက်တိဖြစ်စေမဲ့ ဂိမ်းလေးပါ။

Android ပေါ်မှာရော၊iOS ပေါ်မှာရော အခမဲ့ဒေါင်းလုပ်ရယူကစားနိုင်ပြီး Storage က 2.67GB လောက်ပဲရှိတာမလို့ Battle Royal ဂိမ်းတွေထဲမှာ File size တော်တော်နည်းတဲ့ဂိမ်းလို့ပြောနိုင်ပါတယ်။Control ပိုင်းမှာလည်း ပုံမှန်လိုပဲ ကိုယ်အားသာသလိုချိန်ညှိနိုင်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။