နာမည်ကြီးဂိမ်းတွေအများကြီးကို တိုက်ရိုက်ကူးချပြီး မိုဘိုင်းဖုန်းအတွက်ဂိမ်းထုတ်တတ်တာက အခုမှပထမဆုံးတော့မဟုတ်ပါဘူး။ဂိမ်းတွေသာမက တခြားနာမည်ကြီးဇာတ်ကားတွေ၊ဇာတ်လမ်းတွဲတွေကိုလည်း ကူးချတတ်ကြပါတယ်။Play Store ပေါ်မှာဆိုအဲ့လိုမျိုးဂိမ်းတွေအများကြီးပါ။Eilon Ring ဆိုတဲ့ဂိမ်းတစ်ခုကလည်းအဲ့လိုမျိုး ကော်ပီဂိမ်းပါပဲ။အခုလက်ရှိ နာမည်အရမ်းကြီးနေတဲ့ Elden Ring ကိုကူးချထားတဲ့ဂိမ်းဖြစ်ပါတယ်။

Epden Ring ဟာဆိုရင်ထွက်ရှိထားတာ တစ်လတောင်မပြည့်သေးပေမဲ့ PC နဲ့ Console တို့ပေါ်မှာ အအောင်မြင်ဆုံးဂိမ်းတွေထဲကတစ်ခုဖြစ်လာခဲ့ပါတယ်။FromSoftware ဆိုတဲ့ကုမ္ပဏီကထုတ်လုပ်ခဲ့တာဖြစ်ပြီး အခုကော်ပီဗားရှင်းကို ထုတ်ခဲ့တာကတော့ Guiyum Cloud Network ဆိုတဲ့တရုတ်စတူဒီယိုပါ။ဂိမ်းရဲ့ပုံစံအကုန်လုံးက Elden Ring နဲဆင်တူနေတာကိုတွေ့ရမှာဖြစ်ပါတယ်။

Photo via Gamingonphone

အဲ့အပြင် Elden Ring ရဲ့အောင်မြင်မူကိုမှီငြမ်းပြီးတော့ ဒီဂိမ်းဟာ Download အနည်းကိုပါရရှိခဲ့ပါတယ်။တချို့လူတွေက Elden Ring မိုဘိုင်းဗားရှင်းဆိုတော့ စမ်းဆော့ကြည့်ကြပုံပါပဲ။ဂိမ်းအကြောင်းရေးထားတဲ့ Description ကပါ Elden Ring နဲ့တစ်ပုံစံတည်းနီးပါးတူနေပါတယ်။

ဒီဂိမ်းကို တရုတ် App Store ကနေသာဒေါင်းလုပ်ရယူနိုင်ပါတယ်။ခုတော့အဲ့ပေါ်မှာလည်းမရှိတော့ပါဘူး။ဖြုတ်ချခံလိုက်ရပါပြီ။ပုံနည်းနည်းသာမြင်ရလို့ Gameplay အကြောင်းကဘာမှန်းသေချာမသိရပါဘူး။ဒီလိုဖြစ်စဉ်တွေက မိုဘိုင်းဂိမ်းလောကအတွက်တော့ ရိုးနေပြီလို့တောင်ပြောရပါမယ်။ဂိမ်းထွက်လာပြီးဒီလောက်အချိန်တိုလေးအတွင်းမှာ ကော်ပီကူးချတဲ့ဂိမ်းကိုထုတ်နိုင်တာကတော့ တကယ်အံ့ဩစရာပါပဲ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။