Activision ရဲ့အအောင်မြင်ဆုံး Battle royal ဂိမ်းတွေထဲကတစ်ခုဖြစ်တဲ့ Call of Duty:Warzone ဟာစတင်ထွက်ရှိခဲ့တဲ့ မတ်လ ၂၀၂၀ ကနေအခုချိန်ထိ ကစားသူပေါင်း ၇၅ သန်းနဲ့ရပ်တည်နေပါတယ်။အခုတော့ Mobile ပေါ်က Battle royal ဂိမ်းတွေထဲကို နောက်ထပ်ခပ်ကြမ်းကြမ်းဂိမ်းတစ်ခုရောက်ရှိလာတော့မှာပါ။COD Warzone ဟာမိုဘိုင်းဖုန်းတွေပေါ်ကိုရောက်ရှိလာ‌တော့မှာလို့ Activision ဖက်ကအတည်ပြုပေးလိုက်တာကြောင့်ဖြစ်ပါတယ်။

Digital Legend ပါဝင်နေတယ်ဆိုတာကိုလည်း ဂိမ်းကို ဘာစီလိုနာကစတူဒီယိုမှာ ထုတ်လုပ်မယ်ဆိုတာကြောင့်သိလိုက်ရပါတယ်။လက်ရှိမှာ ထုတ်လုပ်ရေးနဲ့ဖြန့်ချီရေးတို့အတွက် ကျွမ်းကျင်သူတွေကို ရာထူးအလိုက်အလုပ်တွေခေါ်နေပါပြီ။ဒီစတူဒီယိုဟာ မိုဘိုင်းဖုန်းနဲ့ပတ်သက်တဲ့ ပရောဂျက်တွေအတွက်အသုံးပြုဖို့ Activision ကဝယ်ထားတဲ့စတူဒီယိုပါ။။

Photo via Activision

COD Warzone Mobile ဟာ Gamer တွေအသည်းအသန် Hype ကြမဲ့ဂိမ်းတစ်ခုဆိုတာတော့သေချာပါတယ်။COD Mobile ကလည်းအောင်မြင်မူတွေအများကြီးရရှိထားခဲ့ပြီး မြန်မာနိုင်ငံမှာလည်း အဆော့များကြပါတယ်။Warzone Mobile ကတော့ Apex Legend Mobile, Valorant တို့နဲ့ဈေးကွက်ထဲမှာ ယှဉ်ပြိုင်ရမဲ့ဂိမ်းဖြစ်လာနိုင်တယ်လို့ မိုဘိုင်းပေါ်မှာလည်း အဲ့လိုအရည်အသွေးမျိုးနဲ့ဂိမ်းတွေကရှားပါးတာကြောင့်ဖြစ်ပါတယ်။

Photo via Activision

ခုထိတော့ထွက်ရှိမဲ့အချိန်တွေ၊ပါဝင်မဲ့အရာတွေ ဘာဆိုဘာကိုမှမသိရသေးပါဘူး။ဒါပေမဲ့ ဂိမ်းထွက်လာမယ်ဆိုတဲ့ အတည်ပြုချက်တစ်ခုတည်းနဲ့တင်ပဲ တော်တော်လေးကိုအဆင်ပြေနေပါပြီ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။