ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကထွက်ရှိမယ်ဆိုပြီး တစ်ပတ်ထပ်ကြာခဲ့တဲ့ Apex Legends ဂိမ်းဟာအခုတော့ Softlaunch ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့တစ်ကမ္ဘာလုံးမှာမထွက်သေးပဲ နိုင်ငံ ၁၀ ခုမှာပဲထွက်ရှိထားပါသေးတယ်။

လူကြိုက်များပြီး အရမ်းမိုက်တဲ့ Battle Royal ဂိမ်းတွေထဲကတစ်ခုဖြစ်တဲ့ Apex Legends ကို Mobile Gamer တွေစောင့်နေခဲ့ရတာတော်တော်ကြာပါပြီ။ပြဿနာတွေမျိုးစုံနဲ့ တိုင်ပတ်နေခဲ့တဲ့ဂိမ်းဟာ နောက်ဆုံးမှာတော့ မိုဘိုင်းဖုန်းပေါ်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။၂၀၂၁ ခုနှစ်အစောပိုင်းက အိန္ဒိယ၊စင်ကာပူ၊ဟောင်ကောင်နဲ့ အင်ဒီုနီးရှားတို့မှာ Beta Test တွေစမ်းသပ်ခဲ့ပြီး အခုလည်းနိုင်ငံ ၁၀ နိုင်ငံမှာဂိမ်းကိုထုတ်ပေးထားတာပါ။

Photo via Beebom

Official Release ကဘယ်ချိန်မှထုတ်ပေးမလဲဆိုတာတော့မသိရသေးပါဘူး။ရရှိနိုင်တဲ့နိုင်ငံ ၁၀ ခုကတော့ အာဂျင်တီးနား၊မက္ကဆီကို၊အင်ဒိုနီးရှား၊ကိုလံဘီယာ၊စင်ကာပူ၊မလေးရှား၊ဖိလစ်ပိုင်၊နယူးဇီလန်နိုင်ငံနဲ့ Austeria နိုင်ငံတို့ဖြစ်ပါတယ်။

Photo via APKPure

ခု Softlaunch ထဲမှာ Battle Royal ကို World’s Edge မြေပုံထဲမှာကစားနိုင်ပြီး TeamDeath Match,Mini Battle Royal,3v3 Arenas တို့ပါဝင်ပါတယ်။Club တွေ Join ပြီးတခြားသူငယ်ချင်းတွေနဲ့အတူလည်း ဆော့ကစားနိုင်ပါတယ်။မြန်မာနိုင်ငံက ဆော့ခွင့်ပေးထားတဲ့စာရင်းမှာမပါဝင်တာကြောင့် မြန်မာ Gamer တွေအတွက်ကတော့ နည်းနည်းအလုပ်ရှုပ်သွားမှာပါ။

Apex Legends Mobile Trailer

ဂိမ်းကို Download ဆွဲချင်ရင် VPN ကျော်ရမှာဖြစ်ပါတယ်။Softlaunch လုပ်ပေးထားတဲ့နိုင်ငံတွေဆီ VPN နဲ့ချိတ်ပြီး Play Store ထဲကနေဒေါင်းလုပ်ရယူရမှာပါ။Nord VPN နဲ့စင်ကာပူနိုင်ငံကိုချိတ်လိုက်တာက အလွယ်ကူဆုံးနဲ့ အမြန်ဆုံးပါ။Tunnel Bear လိုမျိုး Free VPN တွေကိုလည်းအသုံးပြုနိုင်ပါတယ်။တချို့တွေဆီမှာ Play Store Region ပြောင်းစရာလိုပေမဲ့ တချို့ဖုန်းတွေမှာတော့ Region ပြောင်းလိုက်မှရနိုင်မှာပါ။

Photo via VPNpro

ရသွားပြီဆို Play Store ထဲမှာ Install ခလုပ်ပေါ်လာမှာဖြစ်ပါတယ်။ဖြစ်နိုင်ရင်တော့ လိုင်းကောင်းတဲ့ VPN တစ်ခုကိုအသုံးပြုတာကောင်းပါတယ်။ဆော့ခွင့်မရသေးတဲ့နိုင်ံငံတွေမှာ VPN ကိုတောက်လျှောက်ချိတ်ထားပြီး ကစားရမှာကြောင့်ပါ။

Android တွေမှာ Storage 3 GB လောက်နဲ့ RAM အနည်းဆုံး 3GB လောက်လိုအပ်မှာဖြစ်ပြီး iOS တွေမှာတော့အနည်းဆုံး RAM 2GB လောက်လိုအပ်မှာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။