Covid 19 ကပ်ရောဂါကြောင့် ကမ္ဘာတဝှမ်းက နိုင်ငံအနှံ့အပြားမှာ ကန့်သတ်မူတွေထားရှိလာပြီးနောက် ပညာရေးလောကမှာလည်း အတတ်နိုင်ဆုံးအထိအတွေ့နည်းအောင် ကြိုးစားလာကြပါတယ်။ပညာရေးပိုင်းမှာဆို အရင်လိုကျောင်းတွေ၊သင်တန်းတွေဆီသွားမတက်ကြတော့ပဲ Online ပေါ်က‌နေပဲ သင်တန်းတွေ၊ကျောင်းတွေတက်ကြပါတယ်။ဒါပေမဲ့တောင်ကိုရီးယားက တက္ကသိုလ်တစ်ခုကတော့ ထူးထူးခြားခြားပါပဲ။Online ပေါ်ကနေကျောင်းသားတွေနဲ့ အဆက်အသွယ်လုပ်တာကို Next Level တစ်ခုနဲ့လုပ်ပြသွားပါတယ်။ကျောင်းသားသစ်တွေကိုကြိုဆိုပွဲကို Minecraft ဂိမ်းထဲမှာပြုလုပ်ခဲ့တာပါ။

Photo via Minecraft

ဒီဂိမ်းဟာဂိမ်းကိုကစားသူတွေအတွက်သာမက တခြားနယ်ပယ်တွေအတွက်ပါ အသုံးဝင်ပါသေးတယ်။ဂိမ်းထဲမှာ ကျောင်းသားတွေနဲ့ ဆရာတွေဆက်သွယ်နိုင်ဖို့အတွက် Education Edition တစ်ခုပါပါတယ်။ဒီပွဲရဲ့ Video ကို Reddit မှာမျှဝေခဲ့တာဖြစ်ပါတယ်။Yeungnam University မှာအဆိုပါပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်။YouTube ပေါ်မှာလည်း Video ကိုတင်ထားပါသေးတယ်။

Video ထဲမှာဆိုပွဲပုံစံတော်တော်များများကိုမြင်ရမှာဖြစ်ပါတယ်။စစချင်းမှာတင်ဂိမ်းဇာတ်ကောင်တွေအများကြီးကိုစမြင်ရမှာပါ။စကင်တွေစုံစုံလင်လင်နဲ့ကျောင်းသားတွေကပိုမြင်ရတာကြောင့် အားလုံးနီးပါးဟာ အရင်ကတည်းကဒီဂိမ်းကိုဆော့ဖူးတယ်ဆိုတာသိသာပါတယ်။နေရာကိုတော့ ကျောင်းရဲ့နေရာအတိုင်းဆင်အောင် ပြန်ပြင်ဆင်ထားတာကိုမြင်ရမှာပါ။

Photo via Reddit

 Video ထဲမှာပွဲတောက်လျှောက်တစ်ခုနဲ့တစ်ခုပြောင်းလဲသွားတာကို မြင်ရမှာဖြစ်ပါတယ်။တစ်ခုဆိုရင်ကျောင်းသားတွေကနေရာကြီးတစ်ခုထဲမှာစုနေကြတာကိုမြင်ရမှာဖြစ်ပါတယ်။ နောက်တစ်ခုမှာဆို ကျောင်းသားတွေကမေးခွန်းတစ်ခုစီကို ခန့်မှန်းရမှာဖြစ်ပြီး မှားသွားရင်သူတို့အောက်က ကြမ်းပြင်ကြီးပျောက်သွားမှာြဖစ်ပါတယ်။အဆုံးသတ်မှာတော့ Main Building မီးရှူးမီးပန်းတွေဖောက်နေကြတာကိုမြင်ရပြီး ကျောင်းသားတွေကမိုးပေါ်လှမ်းကြည့်ကာ ခုန်နေကြတာကိုမြင်ရမှာဖြစ်ပါတယ်။

Photo via Reddit

ကျောင်းကဒီပွဲအတွက် ဂိမ်းထဲမှာတော်တော်လေးပြင်ဆင်ထားတာကိုတွေ့ရမှာြဖစ်ပါတယ်။အပြင်အဆင်တွေကအစ တော်တော်လေးအသေးစိတ်ကျတဲ့အပြင် တခြားပြင်ဆင်ရတာအချိန်ကုန်တဲ့ Minecraft Redstone Device တွေကိုလည်း အသုံးပြုထားတာကြောင့် တော်တော်လေးကို အချိန်ယူထားရမှာပါ။ကျောင်းသားတွေအတွက် အမှတ်တရဖြစ်ရပ်ကြီးတစ်ခုဖြစ်စေခဲ့တဲ့အပြင် Minecraft Community ကြီးတစ်ခုလုံးကလည်း သူတို့စိုက်ထုတ်ထားတဲ့အားနဲ့ ကြိုးစားမူတွေအတွက် ချီးကျူးနေကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။